အရွယ်မရောက်သေးသည့် မိန်းခလေးနှစ်ဦးကို မုဒိမ်းကျင့်သူ နှစ်ဦးအား စစ်တွေခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်ချမှတ်

အရွယ်မရောက်သေးသည့် မိန်းခလေးနှစ်ဦးကို မုဒိမ်းကျင့်သူ နှစ်ဦးအား စစ်တွေခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်ချမှတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အရွယ်မရောက်သေးသည့် မိန်းခလေးနှစ်ဦးကို မုဒိမ်းကျင့်သည့် စစ်တပ်ထွက် နှစ်ဦးကို ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့၌ တစ်ပြိုင်တည်း  နှစ်ရှည် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်ဟု တရားရုံးသို့ ကိုယ်တိုင်သွားရောက်ပြီး အမှုကို နားထောင်ခဲ့သူ ရခိုင်အလင်းတံခါး အမျိုးသမီး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ကျော့မေက ပြောသည်။

မသန်းသန်းမေ (၅) နှစ်ကို  ကျော်ကျော်မိုး(ခ) အောင်မြင့်က မုဒိမ်းကျုးလွန်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အရပ်ဘက် တရားရုံးမှ ၁၀ နှစ်နှင့် ယခင် စစ်ခုံရုံးမှ ၅ နှစ် ချမှတ်ထားသဖြင့်  စုစုပေါင်း (၁၅) နှစ် ချမှတ်လိုက်သည်ဟု ဒေါ်ကျော့မေက ပြောဆိုသည်။

“ သူတို့ ကို ပုဒ်မ ၃၇၆၊ ၃၇၇၊ ၅၁၁ တို့နဲ့ စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချလိုက်တာ ဖြစ်ပါတယ်” သူမက ပြောသည်။

 မဌေးဌေးစံ (၈) နှစ်အား နေဝင်းအောင် (ခ) ဦးနေဝင်းက မုဒိမ်းကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပုဒ်မ ၃၇၆၊ ၃၇၇၊ ၅၁၁ တို့ဖြင့် ထောင် ၁၀ နှစ် ချမှတ်လိုက်ပြီး စစ်ပြေးမှုဖြင့် စစ်ခုံရုံးက တစ်နှစ် စုစုပေါင်း (၁၁) နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

 စစ်တွေမြို့ စက်ရုံစု ရပ်ကွက် မီးလောင်ပြင်တွင် နေထိုင်သူ မသန်းသန်းမေမှာ  အိမ်သာတက်ရန် သွားရောက်စဉ် ကျော်ကျော်မိုး(ခ) အောင်မြင့်က ကစားစရာ ပူဖောင်းဘောလုံးဝယ်ပေးမည်ဆိုပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လိမ်လည် ခေါ်ယူသွားပြီး မုဒိမ်းပြုကျင့်ခဲ့သည်ဟု သိရသည်။

 မုဒိမ်းမှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျော်ကျော်မိုး၏ ကိုယ်ပိုင်အမှတ်မှာ (တ/၃၈၆၀၁၉) ဖြစ်ပြီး  မြောက်ဦး အခြေစိုက် ခမရ(၃၇၈)မှ ဖြစ်ကြောင်း၊  ၂၀၁၂ခုနှစ်ကတည်းက တပ်မှ ထွက်ပြေးနေသူ ဖြစ်ကြောင်း၊ စစ်တွေမြို့စက်ရုံစုရပ်ကွက်ရှိ မီးလောင်ပြင်မှာနေထိုင်သူဖြစ်ကြောင်း သိရသည်။

နောက် တစ်ဦးဖြစ်သူ စစ်တွေမြို့ ဓညတီ ရပ်ကွက် မဌေးဌေးစံ (၈) နှစ်သည် အဟာရချိူ့တဲ့ပြီး နာတာရှည် ရောဂါကို ခံစားနေရသော ကလေးငယ် တစ်ဦး ဖြစ်ပြီး စစ်တွေမြို မင်းဂံရပ်ကွက် နေအိမ်ရှိ အိပ်ရာပေါ်မှ မထနိုင်ဘဲ ရှိနေစဉ် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေက  အရက်သောက်စား မူးယစ်နေသည့် စစ်တပ်မှ ခွင့်မဲ့ပျက်ကွက်နေသူ ခမရ ၃၅၄ မှ နေဝင်းအောင်(ခ) ဦးနေဝင်း (ကိုယ်ပိုင် အမှတ်- တ/ ၂၈၇၇၅၃) က အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်။

မဌေးဌေးစံအား  ရန်ကုန်မြို့ရှိ ရန်ကင်း ကလေးဆေးရုံသို့ ယူဆောင်လာပြီး ဆေးကုသနေစဉ်  အောက်တိုဘာလ ၂၁ ရက် နေ့လယ် တစ်နာရီ ငါးမိနစ်တွင် ကွယ်လွန်သွားခဲ့သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...