အေအေနှင့် ဆက်စပ်ဖမ်းဆီးထားသူနှစ်ဦးကို ၀န်ခံထားချက်မရှိ၍ အမိန့်ချမည့်နေ့ကို မတ်လ ၁၆ ရက်သို့ ရွှေ့ဆိုင်း

အေအေနှင့် ဆက်စပ်ဖမ်းဆီးထားသူနှစ်ဦးကို ၀န်ခံထားချက်မရှိ၍ အမိန့်ချမည့်နေ့ကို မတ်လ ၁၆ ရက်သို့ ရွှေ့ဆိုင်း
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော်(AA)နှင့်ပတ်သတ်ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့်  ဖမ်းဆီးခံထားရသူ နှစ်ဦးကို ယနေ့တွင် ကျောက်တော်မြို့နယ် တရားရုံးတွင် အပြီးသတ်စီရင်ချက်ချမည်ဟု ပြောကြာထားသော်လည်း စီရင်ချက် မချဖြစ်ဘဲ မတ်လ ၁၆ ရက်နေ့သို့  ထပ်မံ ရွှေ့ဆိုင်းလိုက်သည်ဟု သူတို့၏ အမှုကို လိုက်ပါ ကူညီနေသူ ကိုဇော်ဝင်းမှ ပြောသည်။

“ပထမတုန်းကတော့ ဒီနေ ့အမိန် ့ချမယ်လို ့ပြေားထားပေမယ့်  တရားခွင်မှာ သူတို ့အနေနဲ့ အေအေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဝန်ခံထားတာ မရှိတဲ့ အတွက် အပြစ်ပေးလို့ မရနိုင်တာကြောင့် တရားသူကြီးက ၁၆ ရက်နေ ့ကို ထပ် ချိန်းလိုက်ပါတယ်”ဟု သူက နိရဥ္စရာသို ့ပြောသည်။

အမိန့်ချရန် ယနေ့ ရုံးထုတ်ခံခဲ့သူ နှစ်ဦးမှာ ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာမှ ကျော်မိုးလှိုင်(ဘ) ဦးသာထွန်းအောင်နှင့် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ အောင်သန်းတင်(ဘ)ဦး ဗိုလ်စိန်ဦး တို  ့ဖြစ်သည်။

သူတို့ နှစ်ဦးအား ရက္ခိုင့်တပ်မတော်(AA)နှင့် ပတ်သတ်ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့်
ပုဒ်မ ၁၇ (၁) / ၁၇ (၂) ဖြင့် စစ်တပ်မှာ ကျောက်တော်တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်သည် ။

” အခု သိရတာက သူတို ့ကိုတော့ လက်နက်ချတယ် ဆိုပြီးတော့ ဝန်ခံခိုင်းပါတယ်။ အဲသလိုဆိုရင် အမှုကို ဆုံးဖြတ်လို့ ရမယ်။ သူတို ့ကို ရှေ့တန်း စစ်မြေပြင်မှာ ဖမ်းမိပေမယ့် လက်နက်ခဲယမ်းတွေနဲ ့အတူ မိတာတော့ မဟုတ်ပါဘူး” ဟု ကိုဇော်ဝင်းမှ ဆက်လက် ပြောဆိုသည်။

သူတို ့နှစ်ဦးသည် ၂၀၁၅ခုနှစ် ဧပြီလက ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့အစိုးရ စစ်တပ်တို ့ကြား ပီချောင်းဒေသ စစ်ပွဲဖြစ်ချိန်တွင် ဒုတိယ အသုတ် ဖမ်းဆီးခံရသူများ ဖြစ်ကြသည်။

ရက္ခိုင် ့တပ်မတော်နှင် ့ပတ်သတ်ဆက်နွယ်မှုဖြင့် ဖမ်းဆီးတရာစွဲဆိုခံရသူ တစ်ခြားသူ သုံးဦးကို ကျောက်တော်မြို့နယ် တရားရုံးက  ပုဒ်မ ၄၀၉ (က)ဖြင့် ၂၀၁၆ မတ်လ ၃ ရက်နေ ့ တရားသေ ပြန် လွှတ်ပေးလိုက်သော်လည်း ယနေ့ အချိန်ထိ  သူတို့မှာ မိသားစုထံသို ့ပြန်လည် မရောက်ရှိသေးကြောင်းသိရသည်။

ယခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ အစိုးရ တပ်မတော်တို့ အကြား
တိုက်ပွဲများ  မကြာခဏ ဖြစ်ပွားနေသလို ဖမ်းဆီးမှုများလည်း တိုးပွားနေကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...