စစ်တွေတွင် ပေါက်ကွဲမှုမှာ ဗုံးဟုဆို

စစ်တွေတွင် ပေါက်ကွဲမှုမှာ ဗုံးဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မတ်လ ၁ဝ ရက်နေ့ ည ၁၁ နာရီ ခွဲဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က နိရဥ္စရာသို့ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အတည်ပြုပြောသည်။

“ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ အိမ်သားတွေက ခရီးသွားနေကြလို့ အိမ်မှာ တစ်ယောက်မှ မရှိကြဘူး။ ဗုံးတော့ ဗုံးပါပဲ။ ဒါပေမယ့် မိုင်းကျွမ်းကျင်သူတွေရဲ့အဆိုအရ အသံမြည်တဲ့ဗုံးအမျိုးအစားဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။

ယခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေသော်လည်း မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအထိ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးဟု သူက ဆက်လက်ပြောဆိုသည်။

ယခုဖြစ်စဉ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့်ကာလတွင် ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးအနီးဖြစ်ပွားခဲ့ခြင်းဖြစ်သည့် အတွက်လည်း မြို့လူထုဆူပူမှုဖြစ်ပွားစေရန် တမင်ကြံရွယ် ဖန်တီးခြင် းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်နေကြသည်။

“အိပ်မယ်လုပ်တော့ အုန်း ဆိုပြီး ပေါက်သံကြားတော့ တော်တော်လန့်သွားတာပဲ။ တစ်ခါမှ ဒီလို အသံအကျယ်ကြီးမျိုး မကြားဖူးဘူး”ဟု အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ မြို့ခံ ကိုနေလင်းက နိရဥ္စရာကို ပြောသည်။

Bomb in Sittwe 1

ယခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊  ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမဖြစ်ကြစေလိုကြောင်း  စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က ပြောသည်။

အခင်းဖြစ်ပွားရာနေအိမ်နှင့် အခင်းဖြစ်ပွားရာသို့ စုံစမ်းစစ်ဆေးရန်ရောက်ရှိနေသည့် တာဝန်ရှိသူများကိုတွေ့ရစဉ်။ Photo by – San Myat Shwe

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...