ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် အမ်းမြို့ နယ်တွင် နစ်နာကြေး ပေးအပ်ရာ၌ တောင်သူများအား ထုတ်ပေးငွေနှင့် သက်ဆိုင်ရာမှ စာရင်းရှင်းငွေမှာ သိန်းထောင်ချီ၍ ကွာဟနေဟုဆို

ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် အမ်းမြို့ နယ်တွင် နစ်နာကြေး ပေးအပ်ရာ၌ တောင်သူများအား ထုတ်ပေးငွေနှင့် သက်ဆိုင်ရာမှ စာရင်းရှင်းငွေမှာ သိန်းထောင်ချီ၍ ကွာဟနေဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဖီလာကျေးရွာအုပ်စု၊ ဆယ်ရှဉ်းလုတ် ကျေးရွာ၊ ဆယ်ရှဉ်းလုတ်ကွင်း၊ ကွင်းအမှတ် (ခ/၃၀၃) အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသဖြင့် နစ်နာကြေး ပေးအပ်ရာတွင် အမှန်တကယ် ပေးအပ်သော ငွေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သည့် စာရင်း ရှင်းတမ်းပါ ငွေပမာဏမှာ သိန်းထောင်နှင့်ချီ၍ ကွာဟနေသည်ဟု တောင်သူများက နိရဥ္စရာ သတင်းဌာနသို့ စာရေး သတင်း ပေးပို့သည်။

0111တောင်သူလယ်သမားများအား အမှန်တကယ် လျော်ကြေးပေးသော ငွေကြေးပမာဏမှာ ကျပ် ၃၀၁၇၅၄၃၃၅ ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တောင်သူများ အပေါ် မြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ပါ လျော်ကြေး ပေးအပ်ထားမှု အခြေအနေအား ရှင်းလင်းချပြသည့် ရှင်းတမ်းတွင် ပါရှိသည့် ငွေကြေးပမာဏမှာ ကျပ် ၈၅၆၀၀၀၀၀၀ ဖြစ်ကြောင်း တောင်သူများ ပေးပို့သောစာထဲတွင် ဖော်ပြသည်။

ကွာဟငွေကျပ် စုစုပေါင်းမှာ  ၅၅၄၂၄၅၆၆၅ ဖြစ်သည်ဟု လယ်သမားများက ပြောဆိုသည်။

လယ်သမားများ အနေဖြင့် ရရှိသင့်သည့် လျော်ကြေးငွေ အပြည့်အဝ ရရှိရန် ၂၅-၉-၂၀၁၅ နေ့က အမ်းမြို့သို့ သွားရောက်ပြီး ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သော်လည်း လျော်ကြေးငွေများကို ယနေ့အချိန်ထိ အပြည့်အဝ မရရှိဘဲ ဖြစ်နေကြောင်း၊ သို့အတွက် တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန် ရှေ့နေများသို့ အမှုကို အပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းရန် အတွက် တောင်ဖီလာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဆက်သွယ်ရာ  ယခုနှစ်ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖုန်းဖြင့် အဆက်အသွယ် ရရှိပြီး MOGE မှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လာရောက် ဖြေရှင်းမည် ဖြစ်ကြောင်းပြောကြားသဖြင့် တောင်သူများ စောင့်ဆိုင်းနေရာ လာရောက် ဖြေရှင်းခဲ့ခြင်း မရှိကြောင်း ကျေးရွာသားများက ပြောဆိုသည်။

01111

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...