ရသေ့တောင်မြို့ ကိန်းသာ ဓမ္မရိပ်သာကျောင်းသို့ ILBC ကျောင်းပိုင်ရှင်မှ ကျပ်သိန်း ၁၀၀ ကူညီလှူဒါန်း

ရသေ့တောင်မြို့ ကိန်းသာ ဓမ္မရိပ်သာကျောင်းသို့ ILBC ကျောင်းပိုင်ရှင်မှ ကျပ်သိန်း ၁၀၀ ကူညီလှူဒါန်း
by -
နိရဥ္စရာ
ငွေ သိန်း ၁၀၀ ဆပ်ကပ် လှူဒါန်းနေစဉ်/ ဓာတ်ပုံ- အသျှင်ကုမာရ
ငွေ သိန်း ၁၀၀ ဆပ်ကပ် လှူဒါန်းနေစဉ်/ ဓာတ်ပုံ- အသျှင်ကုမာရ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ် လုပ်ကိုင်နေသော ကိန်းသာ ဓမ္မရိပ်သာကျောင်းအတွက် နိုင်ငံတကာ ပညာသင်ကျောင်း ILBC (International Language & Business Center) ပိုင်ရှင်မှ ကျပ်ငွေ သိန်း ၁၀၀ ကူညီ လှူဒါန်းလိုက်သည်ဟု သတင်း ရရှိသည်။

ယင်းကူညီလှူဒါန်းမှုအား ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၁၁ နာရီက တာမွေမြို့နယ် ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် ပြုလုပ်ရာ ရန်ကုန်မြို့ရှိ ILBC ပိုင်ရှင် ဦးတင်မောင်ဝင်းမှ ကိန်းသာ ဓမ္မရိပ်သာကျောင်းဆရာတော် အသျှင်ဒေါက်တာ ဉာဏုတ္တရအား ဆက်ကပ် လှူဒါန်းခဲ့သည်။

“ ဒီအလှူငွေက ရသေ့တောင်မြို့ ကိန်းသာဓမ္မရိပ်သာ မှာ ဆောက်လုပ်နေ တဲ့ ကျောင်းဆောင်သစ်အတွက် လှူဒါန်းတာ ဖြစ်ပါတယ်။ အလိုတော်ပြည့်ကျောင်းတိုက် ဦးဇင်း ကုမာရ( ဦးဇင်းဘီလူး) က ကိန်းသာဓမ္မရိပ်သာကျောင်းဆောင်သစ် အတွက် မေတ္တာရပ်ခံတဲ့ အတွက် ILBC ကျောင်းပိုင်ရှင်က လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ကိန်းသာ ဓမ္မရိပ်သာကျောင်း ဆရာတော် အသျှင် ဒေါက်တာ ဉာဏုတ္တရက နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

ကိန်းသာဓမ္မရိပ်သာကျောင်းကို ၂၀၁၂ ခုနှစ်တွင် ရသေ့တောင်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး အဓိက အားဖြင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လုပ်ကိုင်နေသော ကျောင်းဖြစ်သည်။

“ ဦးဇင်းကျောင်းမှာ လက်ရှိ သင်ကြားနေတဲ့ ဘာသာရပ်တွေကတော့ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ နိုင်ငံရေး သိပ္ပံ ( political Science)၊ လူမှု သိပ္ပံ( Social Science) တို့ကို သင်ကြားပြသနေပါတယ်။ လူသားအရင်းအဖြစ် ဖွံ့ဖြိုးတိုးတက်မှ ဒီဒေသဖွံ့ဖြိုးတိုးတက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းကို တည်ထောင်သလို လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်တွေနဲ့လည်း ကျောင်းသား လူငယ်တွေကို ဒီပညာရပ်တွေကို ပို့ချ သင်ကြားနေတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

အသျှင် ဒေါက်တာ ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံမှ ဒေါက်တာဘွဲ့ကို ရရှိခဲ့ပြီး မိမိ ဒေသသို့ ပြန်လာကာ ဒေသအတွင်း လူငယ်များ ပညာရည် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး ကိန်းဓမ္မကျောင်းကို တည်ထောင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

“ အရည်အချင်းပြည့်ဝမှ ဒီဒေသကလူတွေ အလုပ်အကိုင် အခွင့်အရေးတွေ ရရှိကြမှာ ဖြစ်ပါတယ်။ ကိုယ့်ဒေသက လူတွေ လည်း ဒီကျောင်း ရေရှည်တည်တံ့အောင် ၀ိုင်းဝန်းကူညီကြဖို့ လိုအပ်ပါတယ်”ဟု အသျှင် ဒေါက်တာ ဉာဏုတ္တရက ဆက်လက် မိန့်ကြားသည်။

ဒေါက်တာ ဉာဏုတ္တရ ဆရာတော်နှင့် ဆက်သွယ်လိုပါက ဖုန်း ၀၉၄၄၀၂၂၄၄၃၉ သို့ ခေါ်ဆို ဆက်သွယ်နိုင်ပါသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...