ရခိုင်ပြည်နယ် အတွင်း မြို့နယ် (၁၇) မြို့နယ်တွင် စာစစ်ဌာန ၁၀၄ ခု ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရခိုင်ပြည်နယ် အတွင်း စာစစ်ဌာန (၁၅) ခုထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်ဟု ဆရာကြီးက ဆိုသည်။

ယခုနှစ်တိုးချဲ့ ဖွင့်လှစ်ခဲ့သော စာစစ်ဌာန (၁၅) ခုမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်း အထက စာစစ်ဌာန၊ အထက (၆) စစ်တွေ၊ ပုဏ္ဍားကျွန်း မြို့နယ် ပိုးရီပြင် အထက၊ ပေါက်တောမြို့နယ် လက်ပံပြား အထက၊ ကျောက်တော်မြို့နယ် ရွှေကျီ၊ ကျောက်တော်မြို့နယ် ထက်(ခွဲ) ဒုက္ကန်ချောင်း၊ ကျောက်တော်ရွာမပြင် ကျောက်တော်၊ ကျောက်တော် (မူလွန်) လမ်းမတော် စာစစ်ဌာနခွဲ၊ မင်းပြားမြို့နယ် ထက် (ခွဲ) လမ်း (၁)၊ မင်းပြားမြို့နယ် အထက ကမ်းနီ၊ ရမ်းဗြဲမြို့နယ် အထက ဗောဓိ၊ ရမ်ဗြဲမြို့နယ် မီးကျောင်းတက်၊ ကျောက်ဖြူမြို့နယ် စစ်တော၊ ကျောက်ဖြူမြို့နယ် ကပိုင်ချောင်း၊ မောင်တောမြို့နယ် တောင်ပြို(၀ဲ)တို့ ဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးတွင် ယခုနှစ်တွင် စာစစ်ဌာန တစ်ခု တိုးချဲ့ခဲ့ပြီး ပလက်ဝတွင် စာစစ်ဌာန (၄) ခုအပါအဝင် ရခိုင်ပြည်နယ် ပညာရေးဌာနအောက်တွင် စာစစ်ဌာန ၁၀၈ ခုရှိကြောင်း ဆရာကြီး ဦးလှထွန်းစိန်က ရှင်းပြပြောဆိုသည်။ ပလက်ဝမြို့နယ်တွင်လည်း ကျောင်းသား ၁၈၉၇ ဦး ၀င်ဖြေမည်ဟု ဆိုသည်။
မောင်တောမြို့နယ် နံ့သာတောင် ဆရာတော်၏ ဦးဆောင်မှုဖြင့် တောင်ပေါ်တိုင်းရင်းသား လူငယ်များ စာမေးပွဲ ဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေရန် တောင်ပြို(၀ဲ)တွင် စာစစ်ဌာန တစ်ခုကို ဖွင့်လှစ်ပေးခဲ့နိုင်သဖြင့် ၀မ်းသာမိကြောင်း ဆရာကြီးက ဆိုသည်။
ယခုနှစ် ရခိုင်ပြည်နယ်မှ ဖြေဆိုကြမည့် ကျောင်းသားဦးရေမှာ ရခိုင်ပြည်နယ် အတွင်း ၃၇၂၂၁ဦးထဲတွင် ဘင်္ဂလီကျောင်းသား ၁၉၀၀ ကျော်ပါ၀င်ကြောင်း သိရှိရသည်။







