တောင်ကုတ် မအီစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းမိ

တောင်ကုတ် မအီစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းမိ
by -
နိရဥ္စရာ
ရန်ကုန် မြောက်ဒဂုံမှ စစ်တွေသို့ သယ်ယူလာသော ကျပ် သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြား ၄ သိန်းခွဲကို တောင်ကုတ်မြို့နယ် မအီ စုပေါင်း စစ်ဆေးရေးဂိတ်တွင် မတ်လ ရ ရက်နေ့က ဖမ်းဆီးမိခဲ့သည်ဟု တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကိုကိုဦးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

Yaba Tabletsဆေးပြားများကို သယ်ဆောင်လာသည့် ရန်ကုန်မြို့ မြောက်ဒဂုံမှ ဦးသိန်းကျော် (၄၆) နှင့် ဇနီးဖြစ်သူ သန္တာဦး (၄၅) အား ဖမ်းဆီးထားပြီး  စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း မြို့နယ်မှူးက ပြောကြားသည်။

“ ဖမ်းမိတာက မတ်လ ရ ရက်နေ့၊ နေ့လယ် ၁၄ နာရီ ၃၀ မိနစ်၊ ကားအမှတ်က 2L-၁၁၉၅၊ အမှုအမှတ်က မအီရဲစခန်း (ပ) ၁/ ၂၀၁၆ နဲ့ ပုဒ်မ ၁၅/၁၉ က / ၂၁ နဲ့ အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ပြောသည်။

ယခင်က ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ယခု ဖမ်းဆီးရမိသော အရေအတွက်မှာ တောင်ကုတ်မြို့နယ် အတွင်း အများဆုံးဖြစ်ကြောင်း သိရှိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...