တရားဝင်လုပ်ကိုင်နေသော ရခိုင်အမျိုးသားပိုင်ရွှေဆိုင်အား ဘင်္ဂလာဒေ့ရှ်အာဏာပိုင်များ ၀င်ရောက်ပြီး ရွှေထည်အများအပြားကို သိမ်းဆည်းမှု ဖြစ်ပွား

တရားဝင်လုပ်ကိုင်နေသော ရခိုင်အမျိုးသားပိုင်ရွှေဆိုင်အား ဘင်္ဂလာဒေ့ရှ်အာဏာပိုင်များ ၀င်ရောက်ပြီး ရွှေထည်အများအပြားကို သိမ်းဆည်းမှု ဖြစ်ပွား
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ ( ရခိုင်အခေါ်ကယုချောင်း) တွင် အစိုးရအား အခွန်ဆောင်ပြီး တရားဝင် လုပ်ကိုင်နေသော ရွှေဆိုင်တစ်ဆိုင်အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၀င်ရောက်ပြီး ရွှေထည်အများအပြားကို သိမ်းဆည်းကာ ရွှေပန်းထိမ်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးသွားသည်ဟု သတင်း ရရှိသည်။

ဖြစ်ရပ်မှာ ယခုလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူမှာ ဦးမောင်မောင်ချေ၊ တက်ကနက်မြို့ ရွှေပန်းထိန်ဆိုင်ပိုင်ရှင် အသင်း၏ ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

“ ဦးမောင်မောင်ချေက တက်ကနက်မြို့မှာ လူတွေအကုန်လုံး သိတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက ရွှေပန်းထိမ်ဆိုင်ဖွင့်ထားပါတယ်။ အစိုးရကို ပုံမှန် အခွန်ဆောင်သလို ရွှေဆိုင်ဖွင့်ခွင့် တရားဝင်လိုင်စင်နဲ့ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အဲသလို ဆိုင်ကို ၀င်ရောက်ပြီး ဖမ်းတာပါ။ ပါသွားတဲ့ ရွှေတွေက လူတွေ အပ်ထားတဲ့ ရွှေထည်တွေ ဖြစ်ပါတယ်” ဟု တက်ကနက် ဒေသခံ ဦးထွန်းမောင်ရွှေက ပြောသည်။

Rakhine own gold seized by Bangladesh authorityအဆိုပါ ကိစ္စနှင့် ပတ်သက်၍  မတ်လ ရ ရက်နေ့ တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို ဦးမောင်မောင်ချေ ရုံးခန်းထဲတွင်  ဦးထွန်းမောင်ရွှေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ၍လည်းကောင်း အောင်စံထွန်းက အတွင်းရေးမှူး အဖြစ်ဆောင်ရွက်၍ လည်းကောင်း ပြုလုပ်ခဲ့သည်။

၎င်းပြင် တက်ကနက်မြို့တွင် ရွှေဆိုင်များအားလုံးကို မနက်နေထွက်ကနေ နေဝင်ထိ ယမန်နေ့က  ပိတ်ထားခဲ့ပြီး အာဏာပိုင်များ၏ လုပ်ရပ်အပေါ် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲမှလည်း ဖမ်းဆီးခံထားရသော ရခိုင်ရွှေဆိုင်ပိုင်ရှင် ဦးမောင်မောင်ချေအား အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် သိမ်းဆည်းရွှေများကို ပြန်ပေးရေးတောင်းဆိုခဲ့ကြသည်။

“ ဒီလုပ်ရပ်က ဘင်္ဂလာဒေ့ရှ်မှာ ရခိုင်တွေ မနေနိုင်အောင် လုပ်တာပါဘဲ။ တရားဝင် လုပ်ကိုင် စားသောက်နေတာ အခုမှ မဟုတ်ဘူး။ နှစ်ပေါင်း သုံး- လေး-ငါးဆယ်ရှိပြီ။ အခုမှ ဒီလို ၀င်ဖမ်းတယ်ဆိုတာကတော့ နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ ရှိပါလိမ့်မယ်” ဟု ပန်းထိမ်လုပ်သူ ဦးအောင်ထွန်းမြက ပြောသည်။

ဖမ်းဆီးခံရသော ရွှေထည်ပစ္စည်းများမှာ တာကာငွေ သိန်းရာကျော်ဖိုးရှိကြောင်း၊ ယင်းအပြင် ရွှေရောင်း ရွှေဝယ် လုပ်နေသော ငွေများကိုလည်း သိမ်းဆည်းသွားကြောင်း၊ ရွှေပန်းထိမ်လုပ်ရာတွင် အသုံးပြုသော ကရိယာတန်ဆာပလာများအားလုံးကိုလည်း ဘင်္ဂလာ အာဏာပိုင်များက ယူဆောင်သွားကြောင်း သိရသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လူနည်းစု ရခိုင်လူမျိုးများ၏ အဓိက ၀မ်းကျောင်း လုပ်ငန်းမှာ ယခု လက်ရှိတွင် ပန်းထိမ် လုပ်ငန်းတစ်ခုသာ ကြီးကြီးမားမား ရှိနေပြီး ယခု အဖမ်းအဆီး လုပ်ရပ်မှာ ယင်းလုပ်ငန်းကိုပါ တားဆီးပိတ်ပင်ရန် ရည်ရွယ်ပုံရသည်ဟု ဒေသခံများက ပြောဆိုသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...