များမကြာမီက တွေ့ရှိခဲ့သည့် ဗျာလ ဖေါင်းကြွတံဆိပ်ပါ ရှေးဟောင်း ရခိုင်ဒဂါင်္းများ သံတွဲတွင် ပြသ

များမကြာမီက တွေ့ရှိခဲ့သည့် ဗျာလ ဖေါင်းကြွတံဆိပ်ပါ ရှေးဟောင်း ရခိုင်ဒဂါင်္းများ သံတွဲတွင် ပြသ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် သံတွဲမြို့နယ်ခန်းမတွင် ဗျာလ ဖောင်းကြွတံဆိပ်ပါ ရှေးဟောင်း ရခိုင် ဒင်္ဂါး ၁၂ ပြားကို ပြသခဲ့သည်ဟု သတင်း ရရှိသည်။

ပြသထားသော ဒင်္ဂါးအမျိုးအစား (၄) မျိုး ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခင်က မတွေ့ရှိဖူးသော ဒင်္ဂါး အမျိုးအစားများ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး ဦးဘုန်းကျော်က ပြောသည်ဟု ဆိုသည်။

“ မြန်မာနိုင်ငံမှာ ရှေးဟောင်း ဒင်္ဂါး အမျိုးအစား ၁၃၀ ကျော်ရှိတဲ့ အထဲမှာ ဒီဒင်္ဂါးမျိုးတွေကို မတွေ့ ရသေးဘူးလို့ ဆရာ ဦးဘုန်းကျော်က ပြောပါတယ်” ဟု ဒင်္ဂါးများကို ဓာတ်ပုံရိုက်ပြီး ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှုး ဦးဘုန်းကျော်အား ပြသခဲ့သူ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောသည်။

၎င်းရှေးဟောင်း ဒင်္ဂါးများကို သံတွဲမြို့ အမှတ် (၇) ဂျိတ္တော  ရပ်ကွက်နေ ဦးလှိုင်ကိုဦး မှ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင်ပိန်းတောကြီး ကျေးရွာအုပ်စု ညောင်ရွှေ ကျေးရွာ အနူမ တံတား ထိပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Arakanese ancient coin 3

မတ်လ (၁) ရက်နေ့တွင် ခရိုင် ဦးစီးဌာနအစည်းအဝေးခန်းမတွင် ရှေးဟောင်း ဒင်္ဂါးပြားများအား သံတွဲခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုးလက်သို့ ဦးလှိုင်ကိုဦးမှ လွဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

“ ရခိုင်ရှေးဟောင်း ဖောင်းကြွ အရုပ်တွေပါတဲ့ ဒီ ရှေးဟောင်း ဒင်္ဂါးတွေဟာ သမိုင်းနဲ့ စာပေ ယဉ်ကျေးမှုအတွက် များစွာ အကျိုးရှိနိုင်ပါတယ်။ ဒီဒင်္ဂါးတွေကို အကြောင်းပြုပြီး သမိုင်း အထောက်အထားတွေ အများကြီးကို ဖော်ထုတ်နိုင်ကြမှာလည်း ဖြစ်ပါတယ်” ဟု
ဒင်္ဂါး တွေ့ ရှိသူ ဦးလှိုင်ကိုဦးက ပြောသည်။

၎င်းပြင် ဦးလှိုင်ကိုဦးမှ ယခု ဒင်္ဂါးများအား ရှေးဟာင်းယဉ်ကျေးမှု သုတေသနဌာန
က ထိန်းသိမ်းစောင့်ရှောက်ထားသော်လည်း သံတွဲမြိ ု့နယ်တွင် ယဉ်ကျေးမှုပြတိုက် တစ်ခုဖြစ်လာသော အခါ လွဲပြောင်းပေးရန် တောင်းဆိုပါကြောင်း ပြောကြားသည်။

၎င်းဒင်္ဂါးများအား မတ်လ ၄ ရက်မှ ၅ ရက်နေ့ထိ (၂) ရက်တိုင်ပြသထားခဲ့ပြီး လူပေါင်း တစ်ရာကျော် လာရောက်ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...