မြောက်ဦး ရှေး/သုနယ်မြေမှ မြေတူးသူ ၂၈ ဦးကို ဖမ်းဆီး ထိန်းသိမ်း

မြောက်ဦး ရှေး/သုနယ်မြေမှ မြေတူးသူ ၂၈ ဦးကို ဖမ်းဆီး ထိန်းသိမ်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေး/သုနယ်မြေ အတွင်းမှ မြေတူးသူ ပေါင်းတုတ် မွတ်ဆလင်ရွာမှ ရွာသား ၂၈ ဦးကို ဖမ်းဆီး ထိန်းသိမ်းပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး  မြင့်သောင်းက နိရဥ္စရာသို့ ပြောဆိုသည်။

 “ မြေတူးတဲ့ အတွက် ခေါ်ယူ ထိန်းသိမ်းထားပြီး စစ်ဆေးနေတာပါ။ ၂၈ ဦးထဲမှာ ၁၀ ဦးကတော့ မြေတူးရောင်းစားလို့ ၀န်ခံတဲ့ အတွက် သူတို့ကိုတော့ ဆက်လက် အရေးယူသွားမှာ ဖြစ်ပြီး ကျန် ၁၈ ဦးတော့ လွှတ်ပေးမှာ ဖြစ်ပါတယ်” ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ယခင် ၃၇၈ တပ်ရင်းနယ်မြေဟောင်းရှိ ဘောင်းဒွတ်တောင်တန်းအောက်ရှိ တောင်များကို ဖြိုတူးနေသည်ဟု သတင်းရရှိသဖြင့် ရှေးသု ညွှန်မှူးနှင့် အတူ သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

 “ သူတို့က ကားတွေနဲ့ မြေတွေကို တူးပြီး လိုအပ်တဲ့ နေရာတွေမှာ ရောင်းနေကြတာပါ။ မြေပွဲစားကတော့ ထွက်ပြေးသွားတယ်။ မမိသေးဘူး” ဟု ဆက်လက် ပြောဆိုသည်။

 ယခု ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၈ ဦးစလုံးမှာ ပေါင်းတုတ် မွတ်ဆလင်ရွာမှ ဖြစ်ကြောင်း သိရသည်။

 မြောက်ဦးမြို့တွင် ရှေးဟောင်းဇုန် နယ်နမိ်တ်အတွင်း မြေမတူးရဟု သတ်မှတ်ထားသော်လည်း စည်းကမ်းမလိုက်နာဘဲ မြေများကို တူးယူမှုများ ရှိနေသဖြင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးမှု ရှိလာသဖြင့် ယခု ရှေးဟောင်းသုတေသန ဌာနမှ တင်းတင်းကြပ်ကြပ် အရေးယူမှုများ ပြုလုပ်လာသည်ဟု သိရသည်။

ဓါတ်ပုံ-ယခုဓာတ်ပုံမှာ မြောက်ဦးမြို့၏ တောင်ဘက် (၁၆)မိုင်ခန့်အကွာရှိ ပါးတော်ကျောက်စာမှာ ကျောက်ထုတ်လုပ်မှုကြောင့် ပျက်စီးပျောက်ကွယ်သွားရန် အခြေအနေသို့ ရောက်ရှိနေသည့် ပုံ ဖြစ်ပါသည်။ ရခိုင်သတင်းထောက်များ သွားရောက် မှတ်တမ်းယူနေကြခြင်း ဖြစ်ပါသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...