ရက္ခိုင့်တပ်မတော် (AA) အဖွဲ့ဝင် ၄ ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

ရက္ခိုင့်တပ်မတော် (AA) အဖွဲ့ဝင် ၄ ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များဖြစ်ကြသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲတင်ခံရသူ လေးဦးအား ဘူးသီးတောင်မြို့နယ် တရားရုံးမှ ယမန်နေ့က ထောင် (၃) နှစ်စီ ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။

သူတို့အား မတရားအသင်းများ အက်ဥပဒေ ၁၇ (၁) ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထောင်ချခံရသူများမှာ ရက္ခိုင့်တပ်မတော်မှ ဒုတပ်ကြပ်အဆင့်ရှိ အုန်းခင်၊ တပ်သား စိုးမင်းထွန်း၊ ခိုင်မျိုးမင်း(ခ) အောင်ထွန်းမြနှင့် သိန်းစိုး(ခ) ကျော်လှတို့ ဖြစ်ကြောင်း အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ပြောသည်။

သူတို့အား ၂၀၁၅ ခုနှစ် ဇွန်လနှင့် ဇူလှိုင်လ အတွင်းက မြန်မာ- ဘင်္ဂလာနယ်စပ်အနီးရှိ ဘူးသီးတောင်မြို့နယ် အတွင်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ခိုင်မျိုးမင်း(ခ) အောင်ထွန်းမြနှင့် သိန်းစိုး(ခ) ကျော်လှတို့အား ဒုဗိုလ်မှူးကြီး တင်ဝင်းလတ်မှ ဇွန်လ ၂၅ ရက် နေ့တွင်လည်းကောင်း၊ အေအေမှ ဒုတပ်ကြပ်အဆင့်ရှိ အုန်းခင်၊ တပ်သား စိုးမင်းထွန်းတို့အား ဗိုလ်မှူး ဇော်မင်းထွန်းမှ ဇူလှိုင်လ ၉ ရက်နေ့က တရားလို ပြုလုပ်၍လည်းကောင်း ဘူးသီးတောင်မြို့နယ် တရားရုံးတွင် တရာစွဲဆိုခဲ့သည်။

ယင်းတရားရုံးတွင် (၈) လကြာ အမှုရင်ဆိုင်ခဲ့ရပြီး မတ်လ (၃) ရက်နေ့က ထောင်သုံးနှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်း ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှု သံသယဖြင့် ဖမ်းဆီးထားသူ ၄၀ နီးပါးခန့်ရှိကြောင်း၊ သူတို့မှာ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်တော်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...