NLD ဦးဝင်းထိန်၏ စကားအရဆိုလျှင် ဦးမောင်မောင်အုန်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်နိုင်တော့မည် မဟုတ်တော့

NLD ဦးဝင်းထိန်၏ စကားအရဆိုလျှင် ဦးမောင်မောင်အုန်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်နိုင်တော့မည် မဟုတ်တော့
by -
နိရဥ္စရာ
ကြံ့ခိုင်ရေး ပါတီ အမ်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဂွမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပုတို့ နှစ်ဦးထဲမှ တစ်ဦးဦးမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာနိုင်သည်ဟု အများ၏ ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်နေရာ ယနေ့ထုတ် Daily Eleven သတင်း တစ်ပုဒ်အရ ဆိုလျှင် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းမှာ ရခိုင်ဝန်ကြီးချုပ် ဖြစ်နိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ယနေ့ထုတ် Daily Eleven သတင်းစာတွင် NLD မှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို ကိုးကားပြီး “ တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ် ၁၄ နေရာစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်များကိုသာ ခန့်အပ်မည်” ဟု ခေါင်းစည်းဖြင့် သတင်းတစ်ပုဒ် ပါရှိလာသည်။

၎င်းသတင်းအရ ဆိုလျှင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် တစ်ဦးဖြစ်သော ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းမှာ ရခိုင်ဝန်ကြီးချုပ် ပြန်ဖြစ်ရေး ကိန်းနှင့် လွဲသွားနိုင်ခြေ ရှိနေပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံစဉ် ရခိုင်နှင့် ရှမ်းပြည်နယ် အတွက် ၀န်ကြီးချုပ် နေရာများကို တပ်မတော်က ခန့်အပ်ရန် အဆိုပြုခဲ့သည်ဟု သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ် တွင် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းအား ရခိုင်ဝန်ကြီးချုပ် ပြန်ဖြစ်မည်ဟု ရခိုင်ပြည်သူများအကြားတွင် ထင်ကြေးပေးမှုများ ကြီးမားစွာ ပေါ်ထွက်ခဲ့သည်။

၀န်ကြီးချုပ်များကို NLD မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုသာ ခန့်အပ်မည်ဟု ပြောခြင်းမှာ အပေးအယူ ပျက်သွားသည့် သဘောရကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွှင်က ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။

ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကမူ ဦးဝင်းထိန် ပြောသည်ဆိုပါက တစ်ပြည်လုံးမှာ နိုင်သည့် ပါတီ၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး သူတို့ဆန္ဒအတိုင်း လုပ်နိုင်ခွင့်ရှိကြောင်း၊ ကန့်ကွက်စရာ မရှိကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဦးဝင်းထိန်သည် မတ်လ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ လေ့လာသူ အဖြစ်တက်ရောက်လာစဉ် တိုင်းနှင့်ပြည်နယ် ၁၄ နေရာစလုံး၏ ၀န်ကြီးချုပ်နေရာများကို အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များကိုသာ ခန့်အပ်မည်ဖြစ်ကြောင်း၊ လျာထားပြီးပြီ ဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...