လူတစ်ဦးသေဆုံးခဲ့သော မြောက်ဦး ကားတိုက်မှုတွင် ယာဉ်မောင်းကို ဖမ်းဆီး အရေးယူ

လူတစ်ဦးသေဆုံးခဲ့သော မြောက်ဦး ကားတိုက်မှုတွင် ယာဉ်မောင်းကို ဖမ်းဆီး အရေးယူ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားသော ကားတိုက်မှု တစ်ခုအတွင်း လူတစ်ဦး သေဆုံးခဲ့သဖြင့် ကားဒရိုင်ဘာကို ကားတိုက်၍ လူသေမှု ပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားကြောင်း သိရသည်။

အရေးယူခံရသူမှာ အကယ်ဒမီဘတ်စ်ကားမှ ဒရိုင်ဘာ လင်းစိုးဖြစ်ကြောင်း၊ ၎င်းကားမှာ စစ်တွေမှ ရန်ကုန်သို့ မောင်းနှင်လာစဉ် ကားတိုက်မှု ဖြစ်ပွားကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်သောင်းက ပြောသည်။

“ ကားတိုက်တာက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ မြောက်ဦးမြို့နယ် အိုးထိမ်းရွာ ဖြစ်ပွားတာပါ။ ရှင်ပြုပွဲသွားမလို့ ကားကြံုစောင့်ကို မတ်တပ်ရပ် စောင့်နေချိန်မှာ ခရီးသည်တင် လေအိတ်ကား အကယ်ဒမီကားက ၀င်တိုက်သွားတာပါ” ဟု ရဲတပ်ဖွဲ့မှူးက ဆိုသည်။

သေဆုံးသူမှာ အိုးထိမ်းကျေးရွာမှ ဦးမောင်နီထွန်း (၆၉) နှစ် ဖြစ်သည်။

“ သေဆုံးမှုနဲ့ ပတ်သက်ပြီး တိန်ညို ရဲစခန်းကနေပြီး အမှုအမှတ် ၃/ ၂၀၁၆၊ ပုဒ်မ ၃၀၄-က နဲ့ အရေးယူထားပါတယ်။ ဒရိုင်ဘာကို ဖမ်းဆီးထားပါတယ် ခင်ဗျား” ဟု သူက ဆက်လက် ပြောဆိုသည်။

 မြောက်ဦး- ကျောက်တော် လမ်းပေါ်ရှိ မဟာမုနိ အနီး လမ်းပြင်နေစဉ်

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...