ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) ဥက္ကဋ္ဌဟောင်း ကိုထွန်းမင်းခန့်အား ကမာရွတ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်

ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) ဥက္ကဋ္ဌဟောင်း ကိုထွန်းမင်းခန့်အား ကမာရွတ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်
by -
နိရဥ္စရာ
ရခိုင်ကျောင်းသားများ သမဂ္ဂ (ဒဂုံတက္ကသိုလ်) ဥက္ကဋ္ဌဟောင်း ကိုထွန်းမင်းခန့်အား ကမာရွတ် တရားရုံးတွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်  ၁၂ နာရီကျော်က ပထမအကြိမ် စတင် ရုံးထုတ် စစ်ဆေးကြောင်း သိရသည်။

၂၀၁၄ခုနှစ် မတ်လ ၃၀ရက် နေ့က လည်းတန်း ဦးထွန်းလင်းခြံလမ်း ထိပ်၌ ပြုလုပ်ခဲ့ကြသော အမျိုးသား ပညာရေးဥပဒေကို ဗဟိုချုပ်ကိုင်မှု ချော့ချရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းနှင့် ပတ်သတ်၍ ကမာရွတ်စခန်းမှ ၂၀၁၆ ဇန်နဝါရီလ ၁၄ ရက်နေ့က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ထားပြီးနောက် ပထမဆုံး အကြိမ် ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်။

“အစိုးရက အငြိုးအတေးကြိံးကြိံးနဲ့ ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်နေတာလား ဆိုတာ အစိုးရကို မေးခွန်း ထုတ်လိုပါတယ်။ ၂၀၁၄ မတ်လက ဖြစ်ခဲ့တာကို ခုမှတရားစွဲတယ် ဆိုတော့ မြန်မာ နိုင်ငံရဲ့ တရားစီရင်ရေး နဲ့ ဥပဒေပြုရေး ဆိုတာ ဘာတွေလဲ ။ ကျွန်တော်တို့မှာ အပြစ် ရှိတယ် ဆိုရင် အဲဒီကတည်းက လာဖမ်းလို့ရပါတယ်။ ကျွန်တော်တို့ ထွက်ပြေးနေတာလည်း မဟုတ် ပါဘူး။ ပုံမှန် အတိုင်း ကျောင်းတတ်နေတာပါ၊ ဒီလို့ အပြောင်းအလဲကာလတစ်ခုမှာ ဘာလုပ်တာလဲ ဆိုတာ အစိုးရ ကို မေးခွန်းထုတ်ချင်ပါတယ်” ဟု ကိုထွန်းမင်းခန့်က မီဒီယား များအား ပြောသည်။

တရားသူကြီးမှ ပုဒ်မ ၁၈ ဖြင့် အမှုစွဲတင်ထားပါသည် အပြစ်ရှိပါသလား ဟုမေးမြန်ရာ  “အပြစ်မရှိပါ”ဟု ဖြေကြားပြီ အမှုတွဲ တူသူ ကိုဇေယျာလွင်ကမူ ပုဒ်မ ၁၈ အား အယုံအကြည်မရှိသဖြင့် ပုဒ်မ ၁၈ နှင့်ပတ်သတ်၍ တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းစရာ မရှိပါကြောင်း၊တရားသူကြီး အနေဖြင့် စိတ်ကြိုက် စိံရင်နိုင်ကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက် နေ့က လည်းတန်းဦးထွန်းလင်းခြံလမ်း ထိပ်တွင် ပြုလုပ်ခဲ့ကြသည့် အမျိုးသား ပညာရေးဥပဒေကို ဗဟိုချုပ်ကိုင်မှု ချော့ချရေး ဆန္ဒပြ ခဲ့ကြချိန်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဒဂုံတက္ကသိုလ်)တွင်  ကိုဇေယျာလွင်မှာ ဥက္ကဋ္ဌ ဖြစ်ပြီး ကိုထွန်းမင်းခန့်မှာ ဒုဥက္ကဋ္ဌဖြစ်သည်။ နောက်ပိုင်းတွင်  ကိုထွန်းမင်းခန့်မှာ ရခိုင်ကျောင်းသား သမဂ္ဂ(ဒဂုံတက္ကသိုလ်) တွင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ခုလောလောဆယ် ယင်းတာဝန်မှ ယာယီ အနားယူ ထားကြောင်း သိရသည်။

ကိုထွန်းမင်းခန့်နှင့်ကိုဇေယျာလွင်တို့အား ရုံးထုတ်စစ်ဆေးရာသို့ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂ အဖွဲ့ချုပ်ဝင် ဟောင်းများ၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) ဥက္ကဋ္ဌ ကိုစိုးမင်းထွန်းနှင့် သမဂ္ဂအဖွဲ့ဝင်များ အပါအဝင် သတင်းမီဒီယာများလည်း လာရောက် သတင်းယူကြသည်။

လက်ရှိအစိုးရ၏ လက်ကျန် သက်တမ်းအနည်းအတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုများ များပြား လာပြီး လူတစ်ဦးတည်းကို  ပုဒ်မ ၁၈ ဖြင့် မြို့နယ် အများအပြားတွင် တရားစွဲ ဆိုမှုများလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...