ပုပ်ရဟန်းမင်းကြီးရှေ့တွင် ရိုဟင်ဂျာဆိုသည့် ဝေါဟာရမသုံးရန် ခရစ်ယာန်ဘုန်းတော်ကြီးကို သာသနာရေးဝန်ကြီးဌာန တားမြစ်

ပုပ်ရဟန်းမင်းကြီးရှေ့တွင် ရိုဟင်ဂျာဆိုသည့် ဝေါဟာရမသုံးရန် ခရစ်ယာန်ဘုန်းတော်ကြီးကို သာသနာရေးဝန်ကြီးဌာန တားမြစ်
by -
မဇ္ဈိမ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာဆိုသည့် ဝေါဟာရကို သုံးစွဲခြင်းမပြုရန် ခရစ်ယာန်ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုအား သာသနာရေးဝန်ကြီးဋ္ဌာန အရာရှိများက မေတ္တာရပ်ခံခဲသည်ဟု ကာဒီနယ်ချားလ်စ်ဘိုက မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကာဒီနယ်ဖြစ်သူ ချားလ်စ်ဘိုသည် ဗာတီကန်စီးတီးတွင် ကျင်းပမည့် Holy Rosary လအတွက် အောက်တိုဘာ ၁ ရက်နေ့တွင် ရောမသို့ လေယာဉ်ဖြင့် သွားရောက်နေပြီ ဖြစ်သည်။

“သာသနာရေးဝန်ကြီးက ကျွန်တော်နဲ့ တွေ့ချင်တယ်ဆိုပေမဲ့ အခုထိ သူနဲ့မတွေ့ရသေးပါဘူး။ မကြာသေးခင်ကတော့ သာသနာရေး ဝန်ကြီးဋ္ဌာနက အရာရှိ အနည်းငယ်တော့ ကျွန်တော့်ကို လာတွေ့ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးနဲ့ ပတ်သက်လို့ပေါ့။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို မသုံးဖို့ သူတို့က မေတ္တာရပ်ခံကြပါတယ်”ဟု ကာဒီနယ်ချားလ်စ်ဘိုက မဇ္ဈိမသို့ ပြောကြားသည်။

“ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးရင် သူတို့ဟာ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံသားတွေလို့ လူတွေက နားလည်တဲ့ သဘောသက်ရောက်နေလို့ ဒါဟာ သူတို့မကြိုက်တဲ့ ဖွင့်ဆိုချက်ပါ။ သူတို့က ဘင်္ဂလီ ဒါမှမဟုတ် ရခိုင်ပြည်နယ်က မွတ်စလင်လို့သာ သူတို့က သုံးစေချင်တာ။ အဲဒီက အခြေအနေက သိပ်ကို အရေးကြီးပါတယ်။ ဒီပြဿနာသိပ်ပြီး မကြာရှည်ခင် နောက်ထပ်အကြမ်းဖက်မှုတွေ ဖြစ်မလာခင် ဖြေရှင်းဖို့လိုပါ တယ်။ နောက်ပြီး နိုင်ငံတကာ အကြမ်းဖက်မှုနဲ့ အခြားပြသနာတွေ ဖြစ်လာမှာလည်း စိုးရိမ်ရပါသေးတယ်”ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့ဖူးသည်။

ယခင်က မြန်မာအစိုးရသည် ရိုဟင်ဂျာ ဝေါဟာရသုံးစွဲမှုကို တားမြစ်ရန် ကြိုးပမ်းခဲ့ဖူးပြီး နေပြည်တော်တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ယင်းဝေါဟာရကို သုံးစွဲခဲ့ ပြီးနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ယင်းဝေါဟာရကို သုံးစွဲခဲ့သည့်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို အစိုးရအရာရှိများက ပြစ်တင်ဝေဖန်ခဲ့သေးသည်။
 
ယခုနှစ် လူ့အခွင့်အရေး ဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီးသည် ရခိုင်ပြည်နယ်ရှိ ပြည်တွင်းတွင် ထွက်ပြေးလာသူများ ခိုနားသည့်စခန်းများသို့ သွားရောက်ရန် ငြင်းပယ်ခံခဲ့ရပြီး ရန်ကုန်သို့လာရောက်သည့် ပြည်နယ်အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

အရာရှိများနှင့် ဆိုင်ကလုန်းကိုမင်းနှင့် နောက်ဆက်တွဲရေကြီး ရေလျှံမှုအား အရေးပေါ်တုံ့ပြန်ရေး ဆွေးနွေးခဲ့သည်။ ဇူလိုင်နှင့် သြဂုတ်လများအတွင်းက ရေကြီး ရေလျှံမှုများကြောင့် ပြည်သူ ၁ ဒသမ ၆ သန်းခန့် အိမ်ရာပစ်ထွက်ပြေးခဲ့ရသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...