အစိုးရဘက်မှ ANC လက်မှတ်ရေးထိုးရန် ကမ်းလှမ်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့မှ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ြ မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက်ရေး ပါတီ(ALP)တို့ ရ ဖွဲ့က လက်မှတ် ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် ကျင်းပနေသည့် ထိပ်သီး အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စေထင်၊ အရံသဘာပတိ(၁) ပူးနန်လျန်ထန်းနှင့် အရံသဘာပတိ (၂) ဗုုိလ်ချုပ်အိုက်ဘုန်း တို့က တာဝန်ယူခဲ့ကြသည်။ အကျိုးဆောင်အဖြစ် ပဒိုကွယ်ထူးဝင်းနှင့် စောမြရာဇာလင်းတို့က တာဝန်ယူခဲ့သည်။
အစည်းအဝေး သဘာပတိဖြစ်သူ ဗိုလ်ချုပ်ဆေထင်က ပြည်သူအတွက် အလုပ်လုပ်မည့်သူများ ချမ်းသာကြွယ်ဝလာပြီးနောက် ပြည်သူ ကို မေ့သွားကြပြီဟု ဗိုလ်ချုပ်ဆေထင်က သတိပေးခဲ့ သေးသည်။ “ပြည်သူအတွက် အကျိုးစီးပွားကို ကာကွယ်မယ်ဆိုတဲ့ လူတွေဟာ နောက်ပိုင်းကျတော့ ချမ်းသာကြွယ်ဝတဲ့ သူတို့ ဆယ်သက်စာ စားဖို့ ဖူလုံတဲ့ စီးပွားရေးတွေ ရှိတဲ့နောက်ပိုင်းမှာ ပြည်သူတွေရဲ့ အကျိုးကို မေ့ပျောက်သွားပါတယ်”ဟု သူက ဆိုသည်။







