ဝိုင်းမော်မြို့နယ်ရှိ တရုတ်နယ်စပ်ကုန်သွယ်စစ်ဆေးရေးစခန်း ပြောင်းရွှေ့မည်

ဝိုင်းမော်မြို့နယ်ရှိ တရုတ်နယ်စပ်ကုန်သွယ်စစ်ဆေးရေးစခန်း ပြောင်းရွှေ့မည်

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို ဆွတ်ဘွမ် ကုမ္ပဏီပိုင် ခြံကုန်ချိန်းကွင်းသို့ မကြာမီ ပြောင်းရွှေ့ရတော့မည်ဖြစ်သည်။

ဇူလိုင်လ ၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲက ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကံပိုင်တည် ကုန်သည် ကြီးများအသင်း၊ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့ တွေ့ဆုံကာ အဆိုပါစခန်း ပြောင်းရွှေ့ ရေးအတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် တရားမဝင် ကုန်စည်စီးဆင်းမှုများ လျော့နည်းပပျောက်စေရေးနှင့် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း တက်ရောက်လာသူများက ပြောသည်။

ကုန်တင်ကားသမားတစ်ဦးက “ကရိန်းကွင်းလို့ ခေါ်ကြတာပေါ့၊ ကုန်ပစ္စည်းတွေ ချိန်းချင်ရင် အဲ့မှာ သွားချိန်း လို့ရတယ်။ ကွင်းကျယ်တော့လေ၊ ကွင်းကြေးတော့ ပေးရတာပေါ့။ အများကြီးတော့ မဟုတ်ပါဘူး တစ်သောင်း ပေါ့” ဟု ပြောသည်။

ယခင်က ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ ရွှေမိုးတောင်ဘုရား တောင်ခြေအောက်တွင် ယာယီစစ်ဆေးရေး စခန်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မိုင်းနား-ဝေပါ-ဝါရှောင်ကျေးရွာများရှိ လမ်းပိုင်းအတွင်းရှိ ဆွတ်ဘွမ် ဝင်းအတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်သည်။

ထို့ပြင် ကုန်သည်များက လမ်းပိုင်းတစ်လျှောက်ရှိ မြေပြိုမှုများကြောင့် လမ်းပိတ်ဆို့ကာ ကုန်သွယ်မှု ခေတ္တ ရပ်တန့်နေမှုများနှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်နိုင်သည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြသည်။

ကံပိုင်တည်မြို့ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ဖြင့် ရပ်ကွက် သုံးရပ် ကွက်၊ ကျေးရွာအုပ်စု သုံးစုနှင့် ကျေးရွာ ၃၀ ပါဝင်သော မြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...