မိုးရက်ဆက်ရွာနေ၍ ကချင်က မြို့နယ်လေးခုထက်မနည်း ရေလျှံနေ

မိုးရက်ဆက်ရွာနေ၍ ကချင်က မြို့နယ်လေးခုထက်မနည်း ရေလျှံနေ

မိုးညှင်း၊မိုးကောင်း၊ဖားကန့်နဲ့ ဝိုင်းမော် မြို့နယ်တွေအပြင် ဒေသအားလုံးနီးပါးမှာ အခုရက်သတ္တပတ်တွေအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ရေနဲ့ချောင်းရေတို့ မြင့်တက်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မိုးညှင်းမြို့အနီးက  ပင်းဟဲကျေးရွာရှိ ချောင်းရေအဆမတန်မြင့်တက်နေပြီး ပင်းဟဲကျေးရွာ၊ ဆင်ဘိုကုန်းကျေးရွာတွင်းနဲ့  လယ်ယာမြေတွေအားလုံး ရေလွှမ်းမိုးနေသလို နန်းမားကျေးရွာမှာလည်း ရေတွေဝင်ရောက်နေတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် မိုးညှင်းမြို့နဲ့ ဟိုပင်မြို့အကြားရှိ ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ ရေကျော်နေပြီး ညောင်ကုန်း ၊မြို့သစ်ကလေးစတဲ့ ကျေးရွာတွေအပြင် ကျန်ကျေးရွာတွေလည်း တစ်ဖြည်းဖြည်းရေဝင်ရောက်နေပါတယ်။

 အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာလည်း တောင်ကျရေနဲ့ ချောင်းရေတွေကြောင့် ကျေးရွာတွင်းရေလွှမ်းခဲ့ပြီး နေ့လည်ပိုင်းမှာ ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။

"မိုးကောင်းမှာလည်း နှစ်ပတ်နီးနီးရှိပြီ မိုးရွာနေတာ ချောင်းရေတွေတော်တော်တက်နေတာ" လို့ မိုးကောင်းမြို့အတွင်းနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

မိုးကောင်းမြို့မှာ မိုးရွာသွန်းမှုဟာ နှစ်ပတ်နီးပါးကြာမြင့်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြှုပ်နေတယ်လို့ သိရပြီး မိုးဆက်လက်ရွာသွန်းပါက အမြင့်ပိုင်းတွေပါ ရေလွှမ်းနိုင်တယ်လို့ ဆိုကြပါတယ်။

မိုးလေဝသနဲ့ဇလဗေသကလည်း မိုးကောင်းမြို့က နန့်ရင်းချောင်းနဲ့ နန့်ကောင်းချောင်းတို့ဟာ နောက်နှစ်ရက်အတွင်း တစ်ဖြည်းဖြည်းမြင့်တက်ပြီး စိုးရိမ်ရေအမှတ်ကိုရောက်ရှိနိုင်တာကြောင့် ကြိုတင်သတိပြုရှောင်ထားကြဖို့ သတိပေးထားပါတယ်။

ဖားကန့်မြို့နယ်မှာတော့ ဖားကန့်မြို့ပေါ်နဲ့ ဥရုချောင်းတစ်လျှောက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာ တစ်ပတ်နီးပါးကြာမြင့်ခဲ့ပြီး ဒီနေ့ ဇွန်(၁၈)ရက်နေ့မှာ ရေအနည်းငယ်လျော့ကျခဲ့ပေမယ့် မိုးရွာသွန်းနေဆဲဖြစ်ကြောင်း ဖားကန့်ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်ပထမအပတ်မှာ ဝိုင်းမော်မြို့နဲ့မြစ်ကြီးနားမြို့တို့ရှိ  ဧရာဝတီမြစ်ရေဆက်တိုက်တက်ခဲ့ပြီး  ရေနစ်မြှုပ်မှုတွေ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...