ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လုပ်ရန် တရုတ်နှင့် စစ်အစိုးရ သဘောတူ

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လုပ်ရန် တရုတ်နှင့် စစ်အစိုးရ သဘောတူ

ရခိုင်ပြည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မန္တလေး-မူဆယ် ရထားလမ်းအပါဝင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အဓိက စီမံကိန်းများကို အရှိန်အဟုန်မပျက် မြှင့်တင်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း ဇွန်လ ၁၇ ရက်ထုတ် တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အချိန်မီ ပြီးပြတ်စေရေးအတွက် လက်မှတ်ရေးထိုးရန် အသင့်ရှိကြောင်း ဆိုသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းနှင့် ကုဋေချီကျွန်းတို့တွင် အကောင်အထည်ဖော်နေသည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သော မဟာဗျူဟာမြောက် အကြီးစား ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ကနဦး အဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံခန့် ရင်းနှီးမြှုပ်နှံရန် လျာထားပြီး တရုတ်နိုင်ငံ အစိုးရပိုင် CITIC Consortium က ရင်းနှီးမြှုပ်နှံမှု ၇၀ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ၃၀ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားသည်။ 

ထိုဆိပ်ကမ်းတွင် ပေ ၁,၀၀၀ အထက်ရှိသော ကမ္ဘာ့အဆင့်မီ ကုန်တင် သင်္ဘောကြီးများ နှင့် ရေနံတင်သင်္ဘောကြီးများ တိုက်ရိုက်ဝင်ထွက်ဆိုက်ကပ်နိုင်မည် ဖြစ်သည်။

ယင်းအပြင် တရုတ်- မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းများကို အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ စီးပွားရေးအရ ဖြစ်မြောက်နိုင်စွမ်းရှိမှု၊ ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲမှုစသည့် အခြေခံမူများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်၌ ပါရှိသည်။

ယင်းအပြင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို အကျိုးရှိစွာ အသုံးချပြီး လျှပ်စစ်ဓာတ်အားလိုင်း အပြန်အလှန်ချိတ်ဆက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

လက်ရှိတွင် တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စီမံကိန်း အစိတ်အပိုင်းတစ်ချို့ကို AA က ထိန်းချုပ်ထားသည်။

တရုတ်နိုင်ငံသို့ ရောက်နေသည့် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်သည် တရုတ်ယွမ်-မြန်မာကျပ် တိုက်ရိုက်ပေးချေများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုလွယ်ကူချောမွေ့အောင် ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်ထုတ်လုပ်ခြင်း၊ ရေနံနှင့် စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ပံ့ပိုးကူညီသွားကြရန် သဘောတူထားကြသည်။

စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...