NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ NSPNC တို့ အလွတ်သဘောတွေ့ဆုံ

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ NSPNC တို့ အလွတ်သဘောတွေ့ဆုံ

စစ်တပ်မှ အသွင်ပြောင်း အစိုးရအသစ်ဖွဲ့စည်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားမှုကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ဟာ NSPNC နဲ့  ဇွန်လ(၉)ရက်နေ့မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးနေတယ်လို့ ထုတ်ပြန်လာပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ (7 EAO Alliance) ဟာ ညှိနှိုင်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအစီအစဉ်များ၊သဘောထားတို့ကို အပြန်အလှန်ရှင်းလင်းဆွေးနွေးကြမှာဖြစ်ကြောင်း EAOsများဘက်က ပြောဆိုထားပါတယ်။

အခုဆွေးနွေးပွဲမတိုင်ခင်မှာ EAO တစ်ဖွဲ့ချင်းစီအပြင် ဦးဆောင်အဖွဲ့မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အကျေအလည်တိုင်ပင်ဆုံးဖြတ်ခဲ့ကြပြီး လာတက်ရောက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာဖို့သင့်တော်တဲ့ အဖွဲ့အစည်းများပါဝင်လာနိုင်ရေးနဲ့ အခုနိုင်ငံရေးအခြေအနေများနဲ့ကိုက်ညီဖို့ အပြင် ဒီငြိမ်းချမ်းရေးကြာရှည်စေဖို့ ဆောင်ရွက်ချင်ကြောင်း ဆိုထားပါတယ်။

ဧပြီလကနေ အစိုးရအဖွဲ့စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီး ရက်(၁၀၀)အတွင်းငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် လက်နက်ကိုင်အဖွဲ့ တို့ကို ဖိတ်ခေါ်ခြင်းနဲ့ (EAOs)အဖွဲ့ တစ်ဖွဲ့ချင်းစီထံကိုလည်း ကိုယ်စားလှယ်များစေလွှတ်ကာ တွေ့ဆုံဆွေးနွေးမှုများ ရှိနေတယ်လို့ ဦးမင်းအောင်လှိုင်က မေလမှာပြောဆိုထားပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ခြင်းဟာ ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်မှုကိုပြသရာလည်းရောက်သလို ယုံကြည်မှုကို တည်ဆောက်တယ်လို့မြင်မိကြောင်း (7 EAO Alliance)အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက သုံးသပ်ပြောပါတယ်။

(7 EAO Alliance)အဖွဲ့ မှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (Democratic Karen Benevolent Army - DKBA)တို့ပါဝင်ထားပါတယ်။

မကြာသေးမီရက်ပိုင်းက ဇွန်လ(၄)ရက်နေ့မှာ ရှမ်းနီအမျိုးသားညီညွတ်ရေးကောင်စီ(SNUC) ကလည်း NSPNC နဲ့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရေးကို အဓိကထားကာ SNUC ကတင်ပြဆွေးနွေးထားပါတယ်။

September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...