ကုလားတန်မြစ် ကမ်းပြို၍ ကျောက်တော် အပေါက်ဝဒေသခံ ၁၅၀ ကျော် အခက်ကြုံနေ

ကုလားတန်မြစ် ကမ်းပြို၍ ကျောက်တော် အပေါက်ဝဒေသခံ ၁၅၀ ကျော် အခက်ကြုံနေ
အပေါက်ဝကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးသွားသည်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် တွေ့ရစဉ်။ / DMG
အပေါက်ဝကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးသွားသည်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် တွေ့ရစဉ်။ / DMG

ကုလားတန်မြစ် ကမ်းပါးပြိုကျမှုကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ အိမ်ထောင်စု ၃၀ ကျော်၊ လူဦးရေ ၁၅၀ ကျော်မှာ နေထိုင်ရေးနှင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

လက်ရှိတွင် အဆိုပါ ရေဘေးသင့်ပြည်သူများသည် ဆွေမျိုးများနှင့် အသိမိတ်ဆွေများ၏ အိမ်များ၌ မှီခိုကာ ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်နေကြရပြီး အကူအညီအထောက်အပံ့များ အရေးပေါ် လိုအပ်လျက် ရှိသည်။

အပေါက်ဝ ဒေသခံ အမျိုးသားတစ်ဦးက “ပြောင်းရွှေ့ပေးဖို့ မြေနေရာလည်း မရှိဘူး။ ဒီတော့ ဆွေမျိုးတွေ အိမ်မှာ ခိုကပ်ပြီး ကျပ်ကျပ်တည်းတည်း နေကြရတယ်။ နေထိုင်ရေးအတွက်လည်း အခက်အခဲဖြစ်နေသလို စားသောက်ရေးအတွက်လည်း တော်တော်အကျပ်အတည်း ဖြစ်နေကြတယ်” ဟု ပြောသည်။

အပေါက်ဝကျေးရွာတွင် မိုးရာသီကာလအတွင်း မြစ်ရေစီးကြမ်းမှုနှင့်အတူ ကုလားတန်မြစ် ရေတိုက်စားမှု ကြောင့် ကမ်းပါးတစ်လျှောက်ရှိ နေအိမ်များမှာ နှစ်စဉ် ပြိုပျက်လေ့ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်ကလည်း ကုလားတန်မြစ်ရေ တိုက်စားမှုကြောင့် နေအိမ် ၆ ဆောင် ရေထဲ မျောပါသွားခဲ့ပြီး နောက်ထပ် ပြိုကျနိုင်သည့် နေအိမ်များလည်း ရှိနေသေးသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့် နေကြရသည်။

အပေါက်ဝဒေသခံ မူဆလင် အမျိုးသမီးတစ်ဦးကလည်း “အခုလည်း မြေအက်ကွဲကြောင်း ဖြစ်နေတဲ့ အိမ်တွေ ရှိနေတယ်။ ရေထဲကို တပိုင်းတွဲလောင်း ဖြစ်နေတာလည်းရှိတယ်။ မြစ်ရေစီးကြမ်းရင်တော့ ထပ်ပြီးပြိုနိုင်သေး တော့ အမြဲတမ်း စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်” ဟု ပြောသည်။

ထို့အတူ ကုလားတန်မြစ်ကမ်းဘေးရှိ ကျောက်တော်မြို့နယ် အုပ်ကြွပ်ကျေးရွာနှင့် အခစားကျေးရွာတို့တွင်လည်း မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေပြီး ဒေသခံများ နေထိုင်ရေး အခက်အခဲနှင့် ကြုံတွေ့နေကြရ သည်။

ကုလားတန်မြစ် ကမ်းတစ်လျှောက်ရှိ ကျေးရွာများသည် နှစ်စဉ် မိုးရာသီကာလ၌ မြစ်ရေတိုက်စားသည့်ဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရပြီး ကမ်းပါးပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ ခုမှ နေအိမ် ၁၈ အိမ်ထက်မနည်း ရေထဲမျောပါသွားခဲ့ပြီး နောက်ထပ် နေအိမ် ၄၀ နီးပါးမှာလည်း ကမ်းပါးပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသေးသည်။

ထို့ကြောင့် အာရက္ခပြည်သူ့အစိုးရအနေဖြင့် ကမ်းပါးပြိုကျမှုအန္တရာယ်ကို လျှော့ချနိုင်မည့် နည်းလမ်းများကို စနစ်တကျ ဆောင်ရွက်ပေးရန်နှင့် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူများအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

Screen Short (APV) / ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယညွှန်ကြားရေး မှူး ဒေါ်မြဇံဝေ။
September 22, 2026
ရခိုင်ပြည်အရေး သတင်းများကို ရေးသားနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများအနေဖြင့် သတင်း မှန်ကန် မှု...
စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...