ရခိုင်ပြည် ထိုးစစ်ကို ဆုတ်မိန့်မရှိဘဲ တိုက်ရန် စစ်တပ် အမိန့်ပေးထား

ရခိုင်ပြည် ထိုးစစ်ကို ဆုတ်မိန့်မရှိဘဲ တိုက်ရန် စစ်တပ် အမိန့်ပေးထား
စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk

ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ သုံးမျိုးလုံးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဆိုပါ ထိုးစစ်များတွင် ဆုတ်မိန့်မရှိဘဲ တိုက်ပွဲဝင်ရန် အမိန့်ပေး ထားကြောင်း အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်းများနှင့် အလင်းဝင်လာသူများက ပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်သားများကို ရှေ့တန်း၌ တိုက်ခိုင်းကာ စစ်အုပ်စုတပ် အရာရှိများထံမှ ဆုတ်ခွာရန် အမိန့်မရသဖြင့် တစ်ဦးချင်းစီ ထွက်ပြေးခဲ့ရကြောင်း ဆိုသည်။

AA ထံ ဖမ်းဆီးခံရသည့် တပ်သား အောင်ပြည့်စုံက “ကလေးလည်း မချန် အကုန်ပစ်သတ်ပစ်၊ အဲလို ညွှန်ကြား ထားတယ်။ နောက်ကို ဘယ်တော့မှ ပြန်မဆုတ်လာနဲ့။ သေတဲ့ အထိပစ်။ သူတို့ကတော့ အပေါ်မှာပဲ နေတယ်။ အရစ်တွေ၊ ရာထူးတွေ သူတို့ ရအောင်ယူတယ်” ဟု ပြောသည်။

တပ်သား အောင်ပြည့်စုံသည် ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ် လက်အောက်ခံ၊ ခလရ-၂၅၂ တပ်ရင်းမှဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်က စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တိုက်ပွဲအတွင်း အာရက္ခတပ် တော်က လက်ရဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

စစ်တွေတိုက်ပွဲအတွင်း AA ဘက်မှ အင်အားများပြားကြောင်း သတင်းရရှိချိန်တွင် စစ်အုပ်စုတပ် အရာရှိသည် တပ်သားသစ်များ ပြန်ခေါ်လာမည်ဟု လိမ်လည်ကာ တပ်သားများကို စောင့်ခိုင်းပြီး ကိုယ်လွတ်ရုန်း ထွက်ပြေး သွားကြောင်း အောင်ပြည့်စုံက ဆက်လက်ပြောပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲအတွင်း စစ်အုပ်စု တပ်သည် အထိအခိုက် အကျအရှုံးများစွာဖြင့် တပ်ပြန်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်သည် စစ်မြေပြင်တွင် စစ်ရှုံး၍ ဆုတ်ခွာလာသည့် တပ်ဖွဲ့ဝင်များကို အရေးယူ အပြစ်ပေးလေ့ရှိပြီး ရဲဘော်အများစုကိုလည်း ထွက်ပြေးပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ ကြိုးတုတ်ချုပ်နှောင် ထားလေ့ရှိသည်။ သို့သော်လည်း အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ရသည့် တိုက်ပွဲများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင် အများစုမှာ ထွက်ပြေးချင်နေကြသည်။

AA ထံ အလင်းဝင်လာသည့် တပ်သား မိုက်ကယ်က “ ရဲဘော်အားလုံးကတော့ ဒီစစ်တပ်ထဲမှာလည်း မနေချင် ကြဘူး။ စစ်လည်း မတိုက်ချင်ကြဘူး။ ကျနော် မှာ ချင်တာကတော့ အခွင့်အရေး ရရင် ပြေးကြပါလို့ တိုက် တွန်းပါတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်မှစ၍ ပုဏ္ဏားကျွန်းမြို့နယ်ကို ရေကြောင်း၊ လေကြောင်း ပစ်ကူယူပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း တပ်ဦးကျိုးကာ တပ်ပြန်ဆုတ်ခဲ့ရသည်။

ထို့နောက် AA၏ တန်ပြန်ထိုးစစ်ကြောင့် စစ်အုပ်စုတပ်ဘက်မှ ကာကင်းစခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်အုပ်စုတပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးရှိ ပုဏ္ဏားကျွန်းဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေ ထိုင်ရန် အာရက္ခတပ်တော်က အသိပေးထားသည်။

စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...