သိမ်းပိုက်ထားတဲ့မြို့တွေ ပြန်လည်လက်လွှတ်ရမှုကို NUG ကာကွယ်ရေးဝန်ကြီးဝန်ခံ

သိမ်းပိုက်ထားတဲ့မြို့တွေ ပြန်လည်လက်လွှတ်ရမှုကို NUG ကာကွယ်ရေးဝန်ကြီးဝန်ခံ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ ပြန်လည်လက်လွှတ်လိုက်ရတာတဲ့အခြေအနေတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်ပါတယ်။ 

မေလ ၅ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် သဝဏ်လွှာထဲမှာထည့်သွင်းပြောဆိုခဲ့တာပါ။

လက်ရှိအခြေအနေမှာ သိမ်းပိုက်ထားတဲ့မြို့တချို့ ယာယီစွန့်ခွာရမှုအပါဝင်အခက်အခဲတချို့ရှိနေတယ်လို့ ဦးရည်မွန်က ဆိုပါတယ်။ 

ဒီလိုအခြေအနေကိုခိုင်မာတဲ့ သန္နိဋ္ဌာန်၊ ယုံကြည်ချက်၊ ဉာဏ်ပညာ နဲ့ စိတ်ခွန်အားတွေနဲ့ ကျော်လွှားကြရမယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် “ ငါကိုယ်တိုင်လည်းမြေပြင်မှာရဲဘော်တို့နဲ့အတူတကွရှိနေမှာဖြစ်တယ်” လို့  ဦးရည်မွန်က ဆိုပါတယ်။ 

PDF တပ်ဖွဲ့တွေရဲ့ အားနည်းချက်၊ ကိုယ့်ရဲ့ဟာကွက်တွေကိုလည်း မထောက်မညှာ ဝေဖန်ဆန်းစစ်ပြီး သင်ခန်းစာယူ ပြုပြင်ကြရမယ့်အချိန်လည်းဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ 

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ မန္တလေး၊ စစ်ကိုင်း၊ချင်း ဒေသတွေဆီကနေ NUG သိမ်းပိုက်ထားတဲ့မြို့ ၅ မြို့ထက်မနည်းဟာ စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်  ပြန်လည်လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလကုန်မှာလည်း စစ်ကိုင်း-ကချင်နယ်စပ်မြို့ဖြစ်တဲ့ အင်းတော်မြို့ကို စစ်တပ်က ပြန်လည်ဝင်ရောက်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက မြို့သစ်၊ ခမ်းပတ်၊ ရွှေပြည်အေးနဲ့ ပင်လည်ဘူးမြို့နယ်တွေကိုထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ 

Photo_ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးလှုပ်ရှားတပ်မ ကိုတွေ့ရစဉ်/Credit

Most read this week

June 16, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင်...
June 15, 2026
ကချင်ပြည်နယ်အတွင်းအရှိ မြစ်ကြီးနားမြို့အပါအဝင် ဝိုင်းမော်၊ ဖားကန့်၊ တနိုင်းနဲ့ ပူတာအို...
June 13, 2026
ရွှေကူမြို့ကနေ မကြာသေးမီ ဇွန်(၈)ရက်နေ့မှာ ဒေသခံများအား တိမ်းရှောင်ထွက်ခွာကြဖို့ ...
June 12, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး အဓိကလမ်းပိုင်းတစ်ခုဖြစ်တဲ့ တမူး-ကလေးပိုင်းကို...