မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ လျှပ်စစ်မီး ၂ ပတ်ကြာ ဖြတ်တောက်ထား

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ လျှပ်စစ်မီး ၂ ပတ်ကြာ ဖြတ်တောက်ထား

ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့် သောက်သုံးရေအပါအဝင် တခြားသော အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေကပြောပပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှစ လကုန် ၃၁ ရက်နေ့အထိ ရက်သတ္တပတ် ၁၄ ရက်တိတိ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ယာယီ ဖြတ်တောက်ထားတာပါ။

ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကြောင့် ဓာတ်အားပေးစက်များကို (၂)ပတ်ဝန်းကျင်ခန့် ယာယီရပ်နားသွားမှာလို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ထုတ်ပြန်ခဲ့တာပါ။

ဒီလိုဖြတ်တောက်ထားတာတွေကြောင့် မြို့နဲ့ ဝေးတဲ့နေရာတစ်ချို့များမှာ လျှပ်စစ်မီးဖြတ်တောက်လိုက်မှုအပေါ် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံများမှသိရပါတယ်။

“ ဒီတစ်ရက်နှစ်ရက်ပဲ အဆင်ပြေမှာရေကရေတွင်းရှိလည်း မော်တာတွေအကုန်တပ်ထားကြတော့အဆင်မပြေဘူးပေါ့ ပိုက်ဆံရှိတဲ့လူတွေကတော့ ဆိုလာ တပ်ကြတာပေါ့”လို့ သူကဆိုပါတယ်။

မြို့ပေါ် နဲ့ မြို့အနီးကျေးရွာတွေဟာ သောက်သုံးရေတွေကို လျှပ်စစ်မော်တာကိုအများဆုံးအသုံးပြုတာကြောင့် ဒီလိုပြတ်တောက်မှုတွေကြောင့် အခက်အခဲတွေဖြစ်တာလို့ ဆိုပါတယ်။

ဒီကာလအတွင်းကို ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး သောက်သုံးရေနဲ့ ချိုးရေ လုံလောက်စွာရရှိနိုင်ရန် သက်ဆိုင်ရာ မြို့ရပ်ကွက်အလိုက် မြစ်ကြီးနားမြို့နယ်အတွင်းရေသယ်ယာဉ် (၇ )စီးနဲ့ ရေဂါလံ (၆၂၁၀၀) နဲ့ ဝိုင်းမော်မြို့နယ်အတွင်း ရေသယ်ယာဉ် (၄ )စီး နဲ့ ရေဂါလံ ( ၁၆၀၀၀) ကိုနေ့စဉ် ဖြန့်ဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...