ဟုမ္မလင်းမြို့မှာ ဆီတင်မော်တော်ရေယာဉ် ၃ စီး မီးလောင်ပြီး ၄ ဦးသေဆုံး

ဟုမ္မလင်းမြို့မှာ ဆီတင်မော်တော်ရေယာဉ် ၃ စီး မီးလောင်ပြီး ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ် ခိုပဲဝဆိပ်ကမ်းမှာ ဆိိုက်ကပ်ထားတဲ့ စက်သုံးဆီတင် ရေယာဉ် (၃) စီး မီးလောင်ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံများမှ သိရပါတယ်။

မတ်လ ၂၉ ရက်၊ မနက် ၁၀ နာရီလောက်မှာ စတင်လောင်ကျွမ်းခဲ့ကာ လူ ၄ ဦးသေဆုံးခဲ့ဖြစ်ပြီး ၂ ဦးမှာ ထမံသီကျေးရွာက ဖြစ်တယ်လို့သိရပါတယ်။

“ ခိုပဲဝ ဆိပ်ကမ်းမှာလောင်တာတဲ့။ ဒီနေ့မနက်ထိတောင် မီးက မငြိမ်းသေးဘူး ။ ဆီပန့်ရိုက်ရင်းနဲ့ လောင်တာထင်တယ် ။ ပြီးတော့ မီးသတ်ကားက သွားလို့မရတော့လေ။ မီးက တော်တော်နဲ့ ငြိမ်းလို့မရဘူး။ ယာဉ်တွေက ဆီလှောင်ထားထင်တယ်။ တစ်ခုပြီးတစ်ခုကူးသွားတာလို့ပြောတယ်။ ခုချိန်ထိလည်း မီးကလောင်နေတုန်းသုံးစီးလောက်မှာ ရပ်သွားတာ” လို့သူကဆိုပါတယ်။

မုံရွာမြို့ကနေ ဟုမ္မလင်းမြို့ကို စက်သုံးဆီသယ်ဆောင် တက်လာတဲ့ ရေယာဉ်ပေါ် စက်သုံးဆီလွှဲပြောင်းကဲ့ယူချိန်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဟုမ္မလင်းခရိုင်ရဲတပ်ဖွဲ့က မတ်လ ၃၀ ရက်နေ့ထိ သေဆုံးဒဏ်ရာရတဲ့ စာရင်းနဲ့ ပျက်ဆီးဆုံးရှုံးမှုကို စိစစ်နေဆဲဖြစ်တယ် လို့သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...