အခွန်မဆောင်ထားတဲ့ ဖုန်းတွေကို အသုံးပြုခွင့် ကန့်သတ်မယ်

အခွန်မဆောင်ထားတဲ့ ဖုန်းတွေကို အသုံးပြုခွင့် ကန့်သတ်မယ်

မိုဘိုင်းဖုန်းတွေကို CEIR ( Central Equipment Identity Register ) လို့ခေါ်တဲ့ စနစ်ကိုအသုံးပြုပြီး ဖုန်းတိုင်းမှာပါတဲ့ IMEI နံပါတ်တွေကို စာရင်းသွင်း မှတ်ပုံတင်ထားတဲ့ဟန်းဆက်တွေကိုသာ မိုဘိုင်းအော်ပရေတာ ကွန်ယက်တွေမှာအသုံးပြုခွင့်ပေးသွားမယ်လို့ CEIR နဲ့ EIR စနစ်စီမံကိန်းဦးစီးကော်မတီမှ သတင်းထုတ်ပြန်လာပါတယ်။

အခွန်မဆောင်တဲ့ မိုဘိုင်းဖုန်းတွေကို လာမယ့် ၂၀၂၆ ခုနှစ် ဧပြီ (၁) ရက်နေ့မှ စတင်အသုံးပြုခွင့် ကန့်သတ်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ရက်ပေါင်း (၃၀) အတွင်း အခွန်နဲ့ ဒဏ်ကြေးတွေကို ပေးဆောင်ပြီးမှသာ ပြန်လည်အသုံးပြုခွင့် ရရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

မိုဘိုင်းဖုန်း မူရင်းအမှတ်အသား (International Mobile Equipment Identity – IMEI )ကို ထည့်သွင်းပြီး အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်ငွေအခွန်နဲ့ ဒဏ်ကြေးများကို ပေးဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဖုန်းမှာ ဆင်းကဒ်တစ်ခုခုကို ထည့်သုံးနေပြီးသားဆိုရင် အလိုအလျောက် မှတ်ပုံတင်ပြီးသားထဲ စာရင်းဝင်သွားမယ်လို့သိရပါတယ်။

ဒါကြောင့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားကာ ဆက်သွယ်ရေးကွန်ရက်များဖြစ်တဲ့ SIM Card (ဆင်းကဒ်) များထည့်သွင်းပြီး အသုံးပြုထားရန် လိုအပ်တယ်လို့ထပ်လောင်းပြောဆိုထားပါတယ်။

လိုင်းမမိတဲ့ ဒေသတွေမှာရှိသူတွေအနေနဲ့ ကတော့ အခွန်ရုံး သို့မဟုတ် အကောက်ခွန် ရုံးတွေမှာ ဒဏ်ကြေးပေးဆောင်ပြီး စနစ်ထဲ ပြန်လည်ဖွင့်ပေးရမယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ်ကစလို့ စစ်ကော်မရှင်ဟာ မိုဘိုင်းဖုန်းတွေကို မှတ်ပုံတင်တဲ့ စနစ်တွေကို လုပ်ဆောင်ထားပြီး မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်တွေကို နှစ်ရှည်ပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...