စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကော်မရှင်ရောက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု ပိုမိုဖြစ်ပွားလာ

စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကော်မရှင်ရောက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု ပိုမိုဖြစ်ပွားလာ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသကို စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိပြီးနောက်ပိုင်း လေကြောင်းမှ တိုက်ခိုက်မှုတွေ ပိုမိုဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က စစ်ကိုင်းတိုင်းအထက်ပိုင်းက ဖောင်းပြင်မြို့နယ် ဟော်ဇောင်းစျေးတန်းကို တိုက်လေယာဉ်၊ Y-12၊ ဂျိုင်ရိုကော်ပတာတွေနဲ့ မနက် (၁၁)နာရီကနေ ညနေ (၆)နာရီကျော်အထိ အကြိမ် (၄၀) ကျော် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ (PDF) တပ်ဖွဲ့တွေက ပြောပါတယ်။

လေကြောင်းကနေ တနေကုန်နီးပါးဗုံးကြဲခဲ့ပြီး ထိခိုက်သူ (၁၀ )ဦးဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဒေသခံ PDF တွေရဲ့ပြောဆိုမှုအရ ဟော်ဇောင်းကျေးရွာ စျေးတန်းနေရာတွေကို ဂျက်တိုက်လေယာဉ်နဲ့ (၁၆) ကြိမ်၊ Y-12 လေယာဉ်နဲ့ (၂၂) ကြိမ်၊ ဂျိုင်ရိုကော်ပတာ (၃)စင်းနဲ့ သုံးကြိမ်၊ စုစုပေါင်း အကြိမ် (၄၁) ကြိမ်‌‌ ဗုံးကြဲတိုက်ခိုက်တာလို့ဆိုပါတယ်။

ဟော်ဇောင်းရွာက ဖောင်းပြင်မြို့နယ်နဲ့ပင်လည်ဘူးမြို့နယ် ရဲ့ အဓိကလမ်းပိုင်းပေါ်က ကုန်စည်ယာဉ်တွေ စုရပ်ဖြစ်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

“ ကောလာဟာလ သတင်းတစ်ခုကြားရတာက နံပါတ်ဝမ်း ( စစ်ကော်မရှင် ဥက္ကဋ္ဌ) လာတာ ဗုံးကြဲဖို့ စာရင်းတွေတင်ပြကြတယ်ဆိုလားပဲ၊ နေရာအစုံပေါ့ ပင်ခုတ် ၊ နမ့်နမ်း အဲတာတွေအထိ ဗုံးကြဲဖို့ပေါ့လေ အဲဒီ နံပါတ်ဝမ်းလာပြီးနောက်ပိုင်းဖြစ်လာတာ” လို့ ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကနေစလို့ ဟုမ္မလင်းမြို့နယ်အတွင်းက KIA+PDF နဲ့ NUG ထိန်းချုပ်နယ်မြေတွေအတွင်းကို လေကြောင်းကနေ ဗုံးကြဲမှုတွေ သုံးရက်ဆက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းကနေဗုံးကြဲခဲ့တဲ့နေရာဟာ ပင်နုတ်စွတ်ကျေးရွာ စျေးတန်းနဲ့ NUG က အကောက်ခွန်ကောက်တဲ့နေရာတွေဖြစ်ပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တာလည်းဖြစ်ပါတယ်။

NUG နဲ့ KIA+PDF ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက ကုန်စည်လမ်းပိုင်းအားလုံးကိုထိန်းချုပ်ထားပြီးတဲ့နောက် စစ်တပ်ထိန်းချုပ်နယ်မြေတွေထဲ ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက်ထားတာလည်းဖြစ်ပါတယ်

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...