စစ်ကော်မရှင်ကြောင့် ကရင်နီပြည်မှာ တနှစ်အတွင်း အရပ်သား ၁၄၃ ဦး သေဆုံး

စစ်ကော်မရှင်ကြောင့် ကရင်နီပြည်မှာ တနှစ်အတွင်း အရပ်သား ၁၄၃ ဦး သေဆုံး

ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်အတွင်း အရပ်သားပြည်သူ ၁၄၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး အမျိုးသား ၅၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၅.၉ ရာခိုင်နှုန်း၊ ကလေး ၉.၈ ရာခိုင်နှုန်းနဲ့ ကျား/မ အတည်မပြုနိုင်တဲ့သူ ၆.၃ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင် လူ့အခွင့်အရေးချိုးဖောက်မှု ပြုလုပ်တဲ့ဒေသအနက် ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသအတွင်းမှာ မကြာခဏ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

 ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း အရပ်သားပြည်သူရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၀ ကျော်သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါက တနှစ်အတွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုထဲ အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် တနှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသတွေထဲ လွိုင်ကော်မြို့နယ်မှာ (၅) ကြိမ်၊ ဖရူဆိုမြို့နယ်မှာ (၅) ကြိမ် ၊ ဖယ်ခုံမြို့နယ်မှာ (၆) ကြိမ် ဒီးမော့ဆိုမြို့နယ်မှာ အကြိမ် (၂၀) ၊ မယ်စဲ့ မြို့နယ်မှာ (၂) ကြိမ် ၊ ဖားဆောင်းမြို့နယ်မှာ (၁၇) ကြိမ် နဲ့ ဘောလခဲမြို့နယ်မှာ (၆) ကြိမ် စုစုပေါင်း ( ၅၈ ) ကြိမ်ရှိခဲ့တယ်လို့လည်း KnHRG က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...