ဟားခါးမြို့မှာ မှတ်ပုံတင်လုပ်တဲ့အခါ ကြားခံပွဲစားတွေကြောင့် ဈေးသိန်းချီပိုပေးနေရ

ဟားခါးမြို့မှာ မှတ်ပုံတင်လုပ်တဲ့အခါ ကြားခံပွဲစားတွေကြောင့် ဈေးသိန်းချီပိုပေးနေရ

ရွှေ့ပြောင်းအခြေချသူဦးရေများစွာရှိတဲ့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ မှတ်ပုံအသစ်ပြုလုပ်တာ စတဲ့ ကိစ္စတွေအတွက် ကြားခံပွဲစားတွေကြောင့် ဈေးသိန်းချီပိုပေးနေရတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

မှတ်ပုံတင်အသစ်ပြုလုပ်ချင်သူတွေအနေဖြင့် ဟားခါးမြို့ပေါ်မှာ လူကိုယ်တိုင်မရှိရင် လုပ်ဆောင်ပေးခ ၅ သိန်းခန့်ပေးဆောင်ရပြီး လူကိုယ်တိုင် ဟားခါးမြို့မှာရှိရင် ၂ သိန်းခန့် ပေးဆောင်ရတယ်လို့ ဟားခါးမြို့ကို ရွှေ့ပြောင်းနေထိုင်ကြသူတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့နေဒေသခံတစ်ဦးက “ကျနော်ကတော့ ကိုယ်တိုင်လဝကရုံးသွား ဖောင်ဖြည့်ပြီးလုပ်တာ လက်ဖက်ရည်ဖိုးဆိုပြီး တစ်သောင်းငါးထောင်လောက်ပဲ ပေးခဲ့တယ်။ အခုက ဗမာ၊ ရခိုင်၊ ပြီးတော့ ပလက်ဝဘက်က ဒေသခံတွေ ဟားခါးရောက်လာတော့ အရင်က ပွဲစားမလိုတာတွေတောင် သူတို့ရောက်မှ လိုတော့တာ။ ဘာလို့လဲဆိုရင် ကြားခံပေးတဲ့သူရှိရင် အမြန်လည်း ရတာပေါ့။ အများအားဖြင့် ရုံးက အငယ်တွေက ပြည်မဖက်က ဓလေ့အကျင့်တွေ သယ်လာကြတာ။ နောက်ပြီး ရွာဖက်ကလူတွေဆိုရင် ရုံးဝင်ဖို့ဆိုရင် ကြောက်ကြတယ်လေ။ အဲလိုတွေကြောင့် ဥပမာ လူကြီးက ၅ သောင်းတောင်းရင် သူတိုက ၂ သိန်းလောက်တောင်းရော။ အဲလိုတွေဖြစ်တာကြောင့်ပေါ့” လို့ ပြောပါတယ်။

လက်ရှိချင်းပြည်နယ်မှာ မှတ်ပုံတင်ပြုလုပ်ပေးနိုင်တာ ဟားခါးမြိုနဲ့ တီးတိန်မြို့ ၂ မြို့သာ ကျန်တော့တာဖြစ်ပါတယ်။

ကျန်တဲ့မြို့နယ်အများစုကို ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားတာကြောင့် ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်အတွက် ပခုက္ကူမှာ ရုံးဖွင့်ထားပြီး ချင်းပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့အတွက် ကလေးမြို့မှာ ပြောင်းရွှေ့ကာ ရုံးဖွင့်ထားရတယ်လို့ သိရပါတယ်။

အစိုးရရုံးပိုင်ဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက “ချင်းပြည်နယ်မှာ မှတ်ပုံတင်လုပ်တာတွေအတွက် မြို့နှစ်မြို့ပဲကျန်တာ။ ဟားခါးမှာဆိုရင် ထန်တလန် ရုံးလာထိုင်တယ်။ ပခုက္ကူမှာ ချင်းပြည်နယ်တောင်ပိုင်းက ရုံးတွေထိုင်တယ်၊ ကလေးမြို့မှာက ချင်းပြည်နယ်မြောက်ပိုင်းက ရုံးတွေထိုင်တယ် ။ ဖြစ်နေတာက မင်းတပ် ၊ မတူပီဆိုရင် ပခုက္ကူမှာတောင် တာဝန်ခံတွေ မရှိဘူး။ Non – CDM တွေကို ဖမ်းမယ်ဘာညာလုပ်တဲ့ အကျိုးဆက်တွေက ပွဲစားလောက ပေါ်လာစေတာဘဲ”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် ချင်းပြည်နယ်က မြို့နယ်တချို့မှာ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် ပြည်တွင်း၊ ပြည်ပ ထွက်ပြေးတိမ်းရှောင်ကြတာရှိပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေက ချင်းဒေသခံပြည်သူတချို့ဟာ မကွေးတိုင်းဘက်ကို စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်ခဲ့ရသလို ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း၊ထန်တလန်မြို့က ပြည်သူများဟာ ဟားခါးမြို့ပေါ် ၊ တီးတိန်မြို့ပေါ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ကို အများစု ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...