တိမ်ပင်လယ်သို့ လာရောက်လည်ပတ်တဲ့ လူငယ်တစ်ချို့ ပေါ်တာဆွဲခံရ

တိမ်ပင်လယ်သို့ လာရောက်လည်ပတ်တဲ့ လူငယ်တစ်ချို့ ပေါ်တာဆွဲခံရ

ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာမှာရှိတဲ့ တိမ်ပင်လယ်သို့ လာရောက်လည်ပတ်တဲ့ လူငယ်တချို့ကို KIA+PDF တပ်ဖွဲ့များက မနေ့ ကဇန်နဝါရီလ (၂၀) ရက်နေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါယ်။

တိမ်ပင်လယ်ဖြစ်ထွန်းနေတဲ့ ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ရှမ်းကျောင်း(ဝင်းသီရိမင်္ဂလာကျောင်းတိုက်)၊ အောင်တော်မူစေတီကုန်းပေါ်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာစေတီတော်ဘုရားဝင်း ပုရဝုဏ်အတွင်းမှာ ဖမ်းဆီးသွားတယ် လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အကြောင်းအရာ သေချာမသိရပဲခေါ်ဆောင်ခြင်းခံရတာဖြစ်တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒေသခံ သံဃာတစ်ပါးမှ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ကျောက်စိမ်းမှော်နေရာဒေသမှာနေထိုင်ကြတဲ့ဒေသခံတွေကို ဇန်နဝါရီ (၂ ) ရက်နေ့ကတည်းက ဒီတိမ်ပင်လယ်တဝိုက်ကို လာရောက်တာတွေမပြုကြဖို့ သတိပေးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

ဆိပ်မူကျေးရွာ နဲ့ မှော်ရှန်ရပ်ကွက်တွေ မှာ နှစ်ဖက်တပ်တွေရဲ့ ပေါ်တာဆွဲခေါ်ခြင်းတွေအပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများလည်း မကြာခဏဆိုသလို ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဆိပ်မူကျေးရွာအုပ်စုကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့နှစ်မှာ ထိန်းချုပ်ခဲ့ပြီး စစ်သားစုဆောင်းမှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ လာမယ့် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး ဆိပ်မူကျေးရွာအုပ်စုကတော့ ပါဝင်ကျင်းပနိုင်ခြင်းမရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...