တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာမှာ စစ်ကော်မရှင်တပ်မှ ဗုံးကြဲ တာကြောင့် အဆောက်အဦး တချို့ပျက်စီး

တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာမှာ စစ်ကော်မရှင်တပ်မှ ဗုံးကြဲ တာကြောင့် အဆောက်အဦး တချို့ပျက်စီး

နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၂ နာရီ အစောပိုင်းမှာ စစ်ကော်မရှင် လေတပ်မှ တီးတိန်မြို့နယ်၊ ထုတ်လိုင်ရွာကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဘော်ဒါဆောင် အပါအဝင် အဆောက်အဦး အချို့ နှင့် သာသနိက အဆောက်အဦး အချို့ ပျက်စီးခဲ့တယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိရ ပါတယ်။

“ဗုံးကြဲလာတော့ သန်းခေါင် ကျော်နေပြီ။ ပထမ တကြိမ်က ၁၂: ၂၁ အချိန် ဖြစ်တယ်။ နောက် ၁၀ မိနစ် လောက် အကြာ ၁၂: ၂၂ လောက်မှာ ပေါက်ကွဲသံ ထပ်ကြားရတယ်။ ပေါက်ကွဲသံကြောင့် ကျွန်မတို့ နေအိမ်ဆို တုန်လှုပ်သွားတယ်။ အိမ်အောက်ခန်းက တံခါးတွေ၊ ပြတင်းပေါက်တွေ ရုတ်တရက် ပွင့်သွားတယ်။ သွပ်ပြားတွေလည်း အသံမျိုးစုံ ထွက်ပြီး အပေါက်တွေ ပြည့်သွားတယ်။ တညလုံး အိပ်လို့ မရတော့ဘူး” လို့ ထုတ်လိုင်ရွာရှိ အမျိုးသမီး တဦးက ပြောကြားခဲ့ပါတယ်။

စစ်ကော်မရှင် လေတပ်မှ ထုတ်လိုင်ရွာကို လေယာဉ်နဲ့ ဗုံးနှစ်ကြိမ် ကြဲချတာကြောင့် ထုတ်လိုင် အထက်တန်း ကျောင်းဝန်းအတွင်းရှိ ဘော်ဒါဆောင်ရဲ့ မိန်းခန်းမ၊ ရေချိုးဆောင်နှင့် စားဖိုဆောင်တို့ ပျက်စီးသွားကြောင်း၊ ထုတ်လိုင် AG ဘုရားရှိခိုးကျောင်းနှင့် AG Section ရုံး အဆောက်အဦးတို့လည်း ထိခိုက်သွားကြောင်း၊ ရွာထဲရှိ နေအိမ်အချို့လည်း ထိခိုက်ခဲ့ပြီး ပြည်သူများအနေဖြင့် ထိခိုက်ဒဏ်ရာ ရှိတာမျိုးတော့ မရှိကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ထုတ်လိုင်ရွာဟာ တီးတိန်မြို့နယ်အတွင်းရှိ ရှေးကျသော ရွာကြီးတရွာ ဖြစ်ပြီး ၁၉၂၉ ခုနှစ်မှာ အစိုးရ အခြေခံ ပညာ မူလတန်းကျောင်း စတင်ဖွင့်လှစ်နိုင်ပြီး၊ ၁၉၄၇ ခုနှစ်မှာ အစိုးရ အခြေခံပညာ အထက်တန်းကျောင်း ရရှိခဲ့တဲ့ ရွာတရွာ ဖြစ်ပါတယ်။

ထုတ်လိုင် အခြေခံပညာ အထက်တန်းကျောင်းဟာ ဘော်ဒါဆောင် အပါအဝင် ကျောင်းတွင်း အခြေခံ အဆောက်အဦးနှင့် ကျောင်းအင်္ဂါရပ် အပြည့်အစုံ ရှိတဲ့ မြန်မာပြည် လွတ်လပ်ရေး မရခင် တည်ဆောက် ဖွင့်လှစ်ခဲ့သော ချင်းတောင်ဒေသ၏ သမိုင်းဝင် အထက်တန်းကျောင်း တခုလည်း ဖြစ်ပါတယ်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...