မိုးညှင်းမြို့နယ် နမ္မား ရဲစခန်းကို KPDF တပ်တွေဝင်ရောက်တိုက်ခိုက်

မိုးညှင်းမြို့နယ် နမ္မား ရဲစခန်းကို KPDF တပ်တွေဝင်ရောက်တိုက်ခိုက်

မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“စခန်းတော့မကျသွားဘူး။ ဒီဘက်(စစ်တပ်)ဘက်ကတော့ ပြန်ဆုတ်တဲ့ခါ လက်နက်ကြီးနဲ့ လှမ်းပြန်ထုတာ နေမှာကော၊ မနက်အစောဆို မိုးလင်းပြီကော၊ ၆ နာရီ ၇ နာရီကြားမှာ စဖြစ်တာ။ နမ္မားရဲစခန်းက စျေးလမ်းကနေ ဝင်သွားတာ တည့်တည့်ပါ့၊ ရွာထဲမှာကြီးနေထားတာ ရဲစခန်းက”လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ပစ်ခတ်တိုက်ခိုက်မှုဟာ တစ်နာရီဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း သိရပါတယ်။ 

နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မိုးကောင်း-ဟိုပင်နယ်စပ်က နန်းခွင်ကျေးရွာ အခြေစိုက် ခမရ (၅၂၁) တပ်ရင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အခုရက်ပိုင်းအတွင်းမှာ မိုးညှင်း၊ မိုးကောင်းမြို့နယ်တွေက စစ်တပ်ရဲ့ တပ်စခန်းတချို့နဲ့ ရဲစခန်းတချို့ တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် သုံးပုံနှစ်ပုံမှာ စစ်တပ် နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ 

“အခုက ခြေနည်းနည်းရှုပ်နေတယ်။ ဟိုမှာသွားပေါ်လိုက်၊ ဒီမှာသွားပေါ်လိုက်။ အခုရက်ပိုင်းမှာ နည်းနည်းဆက်လာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ကချင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အတွက် မဲဆွယ်စည်းရုံးရေးအဖြစ် မြစ်ကြီးနားနဲ့ မိုးညှင်းမြို့နယ်တွေမှာ ပါတီအသီးသီးက ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

နမ္မားအတွင်းမှာ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှ စိုက်ထူပြီးစီးထားတာလည်း ဖြစ်ပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...