စစ်ကော်မရှင်တပ်အင်အားရာချီ ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးလာနေတယ်လို့ သိရ

စစ်ကော်မရှင်တပ်အင်အားရာချီ ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးလာနေတယ်လို့ သိရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အင်အားရာချီတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေး - နတ်ချောင်း - နတ်မြောင်း - ချောင်းခွ - ဟားခါးလေး - ရေစို - ဝေဘူလမြို့တွေကို ကျော် ဖြတ်လာပြီး ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးနေသလို လမ်းတလျှောက်က ကျေးရွာတချို့က ဒေသခံတွေဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကြောင်းတွေက နတ်ချောင်းကနေ ဝေဘူလကို အကုန်တက်တာ အင်အားလည်းအရမ်းများတယ်လို့ သိရတယ် အခု ဝေဘူလဘက်ကနေ ဖလမ်းဘက်ကို ဆက်တက်နေတာရှိတယ်” လို့ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်း နည်းပညာတက္ကသိုလ်ကနေ ကလေး - ဂန့်ဂေါကားလမ်းမအတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ၂ ပတ်နီးပါးအကြာ စစ်ကြောင်းထိုးလာခဲ့ပြီးနောက်ပိုင်း ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို နိုဝင်ဘာလ ၅ ရက်နေ့က အင်အား ၅၀၀ ခန့်နဲ့ ရောက်ရှိနေပြီး အဲဒီကနေတဆင့် ချင်းညီနောင် ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ဘက်ကို ဦးတည်လာတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေးမြို့ကနေ အင်အား ၂၀၀ ခန့်နဲ့ ကလေး - တီးတိန်ဘက်ကို စစ်ကြောင်းထိုးတာ ရှိသလို ကလေးမြို့နယ် တောင်ပိုင်း ကလေး - နတ်ချောင်း - ချောင်းခွ - ဘက်ကနေ ချင်းပြည်နယ် ဝေဘူလ-ဖလမ်း ဘက်ကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...
June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...
June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...
June 26, 2026
အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့နေရာအများစု ထိန်းချုပ်ထားတဲ့...