စစ်ကော်မရှင်တပ်အင်အားရာချီ ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးလာနေတယ်လို့ သိရ

စစ်ကော်မရှင်တပ်အင်အားရာချီ ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးလာနေတယ်လို့ သိရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အင်အားရာချီတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေး - နတ်ချောင်း - နတ်မြောင်း - ချောင်းခွ - ဟားခါးလေး - ရေစို - ဝေဘူလမြို့တွေကို ကျော် ဖြတ်လာပြီး ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးနေသလို လမ်းတလျှောက်က ကျေးရွာတချို့က ဒေသခံတွေဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကြောင်းတွေက နတ်ချောင်းကနေ ဝေဘူလကို အကုန်တက်တာ အင်အားလည်းအရမ်းများတယ်လို့ သိရတယ် အခု ဝေဘူလဘက်ကနေ ဖလမ်းဘက်ကို ဆက်တက်နေတာရှိတယ်” လို့ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်း နည်းပညာတက္ကသိုလ်ကနေ ကလေး - ဂန့်ဂေါကားလမ်းမအတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ၂ ပတ်နီးပါးအကြာ စစ်ကြောင်းထိုးလာခဲ့ပြီးနောက်ပိုင်း ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို နိုဝင်ဘာလ ၅ ရက်နေ့က အင်အား ၅၀၀ ခန့်နဲ့ ရောက်ရှိနေပြီး အဲဒီကနေတဆင့် ချင်းညီနောင် ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ဘက်ကို ဦးတည်လာတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေးမြို့ကနေ အင်အား ၂၀၀ ခန့်နဲ့ ကလေး - တီးတိန်ဘက်ကို စစ်ကြောင်းထိုးတာ ရှိသလို ကလေးမြို့နယ် တောင်ပိုင်း ကလေး - နတ်ချောင်း - ချောင်းခွ - ဘက်ကနေ ချင်းပြည်နယ် ဝေဘူလ-ဖလမ်း ဘက်ကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...