စစ်မှုထမ်းသင်တန်းဆင်း ဒု-တပ်ကြပ် တစ်ဦး လက်နက်နှင့်တကွ တမူးခရိုင် အမှတ်(၂)တပ်ရင်းထံ အလင်းဝင်

စစ်မှုထမ်းသင်တန်းဆင်း ဒု-တပ်ကြပ် တစ်ဦး လက်နက်နှင့်တကွ တမူးခရိုင် အမှတ်(၂)တပ်ရင်းထံ အလင်းဝင်

အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စစ်ကောင်စီတပ်၊ ကသည်းတပ်၊ SNA တပ်တို့ဖြင့် အခိုင်အမာ တပ်စွဲထားသော ကျွန်းပင်သာရွာရှိ ခ.မ.ရ(၃၄၇)မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ မှ ဒု-တပ်ကြပ် သန့်ဇင်ဦးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ တမူးခရိုင် အမှတ်(၂)တပ်ရင်းထံ သြဂုတ်လ ၃ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကိုယ်ပိုင်အမှတ် ပစ/၁၀၄၅၉၇၊ စစ်ပညာသင်တန်း အပတ်စဉ် ၁/၂၀၂၄ ဖြစ်တဲ့ သန့်ဇင်ဦးဟာ ၈ လပိုင်း၊ ၃ ရက်နေ့တွင် MA-11 (၁)လက်၊ ကျည်ဘောက် (၁)ခု၊ ၅.၅၆ ကျည် (၂၅)တောင့် ယူဆောင်ကာ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ခဲ့တဲ့ သန့်ဇင်ဦးဟာ ၎င်းမိဘများထံ စစ်ကောင်စီမှ စစ်ကြေးတောင်းသော(၁၁)သိန်းကျပ်အား မပေးချင်သဖြင့် စစ်တပ်ထဲဝင်လာသူဖြစ်ပြီး ယခုအချိန်မှာ ပြည်သူများမှ စစ်တပ်အား ထောက်ခံမှု မရှိသလောက်နည်းသည်ကို သိရှိလို့ အချိန်မလွန်ခင် အလင်းဝင်ရန် ဆုံးဖြတ်ခဲ့တာလို့လည်း တမူးခရိုင် အမှတ် (၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူ ဒု-တပ်ကြပ် သန့်ဇင်ဦးကို တမူးခရိုင်၊ အမှတ်(၂) တပ်ရင်းမှ သိန်း(၅၀)ကျပ်တိတိကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက် လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်တပ် လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းပါဝင်ချင်သူများကိုလည်း ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျှက်ရှိတဲ့ကြောင်းကိုလည်း တမူးခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များမှ အသိပေးထုတ်ပြန်ထားပါတယ်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...