စစ်ကော်မရှင်ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက လူထုတွေ တိမ်းရှောင်နေရ

စစ်ကော်မရှင်ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက လူထုတွေ တိမ်းရှောင်နေရ

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ကော်မရှင် နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၅ ရွာက လူထုတွေဟာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

 “ပြေးကုန်ပြီ ဟိုဖက်ရွာတော့ ပြေးကုန်ပြီ။ ကြိုတင်ပြေးတာ သုံးလေးရက်လောက်ရှိပြီ။ အခြေအနေဆိုးလာရင် ကျမတို့လည်း ပြေးမှာပဲလေ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင် ပူးပေါင်းတပ်က စက်တင်ဘာလ ဒုတိယပတ်ကတည်း လူထုရှိတဲ့ ကျေးရွာတွေဖက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာခံအပြင် လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ထပ်မံ တိမ်းရှောင်နေရတာပါ။ လက်ရှိ တိမ်းရှောင်နေရတဲ့ လူထုတွေကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကူညီကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။

ကျေးရွာအနီးအနားမှာ စစ်ကော်မရှင်ပူးပေါင်းတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်တာကြောင့်လည်း လုံခြုံရေးအရ စိုးရိမ်ပူပန်မှုရှိတယ်လို့ လူထုတွေက ပြောပါတယ်။

“စိုးရိမ်တာက စစ်ကြောင်းက ညထိုးမလား၊ နေ့ထိုးမလား ကိုယ်က မသိဘူးပေါ့။ ကိုယ်အိပ်ပျော်နေချိန် ဟို ကနေ လက်နက်ကြီး ထုလာရင် ကိုယ်က မသိဘူးလေ။ အဲ့တစ်ခုတော့ စိုးရိမ်ရတယ်” လို့ ထပ်ဆင့် စစ်ရှောင်ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကျေးရွာခံအများစုကတော့ စိုက်ပျိုးထားတဲ့ စပါး၊ မြေပဲ နဲ့ တခြားသီးနှံတွေကို မရိတ်သိမ်းနိုင်တော့ဘဲ တိမ်းရှောင်နေရတာကြောင့် လာမယ့်နှစ် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုရှိနေကြပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...