တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ မိုးကာ အရေးပေါ် လိုအပ်

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ မိုးကာ အရေးပေါ် လိုအပ်

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂) ရက်နေ့က စစ်‌ကော်မရှင် စစ်‌ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက ပတိုငံ၊ ကွိုင်ငံရွာသစ်နဲ့ ဆိုဒဲ့ခူ ကျေးရွာခံအတွက် စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆန်တို့ ဆီ၊ ဆား၊ အချိုမှုန့် တို့ ပြီးတော့ မိုးကာတို့ အဲ့ဒါတွေလိုတယ်။ ဘားမှယူလာလို့ မရဘူး။ တချို့ဆို အဝတ်တွေတောင်မပါဘူး။ စားနပ်ရိက္ခာရယ် မိုးကာရယ် အရေးကြီးဆုံးက မိုးကာပဲ”လို့ ပတိုငံကျေးရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြားက ရုတ်တရက် တိမ်းရှောင်ရတာကြောင့် အိမ်သုံးပစ္စည်း၊ စားသောက်ကုန်တွေ မယူဆောင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဒေသခံတွေဟာ နီးစပ်ရာ စစ်ရှောင်စခန်းတွေနဲ့ ဆွေမျိုးတွေထံ သွားရောက် ခိုလှုံကြပေမယ့် လိုအပ်ချက်၊ အခက်အခဲတွေ ရှိနေကြတာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသခံအများစုကတော့ စိုက်ပျိုးထားတဲ့ စပါးခင်းနဲ့ စိုက်ခင်း၊ လယ်ဧကပေါင်း ရာကျော်ကို ချန်ထားရပြီး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“တောင်ယာတစ်ခင်း တော့ စိုက်ထားတယ်။ တစ်ဧကခွဲ နှစ်ဧကနီးပါးပေါ့ အဲ့ဒါလဲ ထားခဲ့တယ်” လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ပတိုငံ၊ ကွိုင်ငံရွာသစ် နဲ့ ဆိုဒဲ့ခူ စတဲ့ ကျေးရွာက လူဦးရေ တစ်ထောင်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ရတာ လေးရက်မြောက်နေ့ရှိပေမယ့် အကူအညီ တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ် ပတိုငံကျေးရွာနဲ့ အနီးအနားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

photo credit - CJ

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...