ရန်ကုန်- တောင်ကြီးသို့ တင်ပို့မည့် နိုင်ငံခြားကုန်ပစ္စည်းများကို စစ်ကော်မရှင်မှ သိမ်းဆည်း

ရန်ကုန်- တောင်ကြီးသို့ တင်ပို့မည့် နိုင်ငံခြားကုန်ပစ္စည်းများကို စစ်ကော်မရှင်မှ သိမ်းဆည်း
Photo - CJ
Photo - CJ

ကလော-သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ တင်ပို့သည့် နိုင်ငံခြားကုန်ပစ္စည်းများကိုသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင် ကလောနှင့် သာစည်လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေး ကျွဲတပ်ဆုံဂိတ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှစပြီး ရန်ကုန်မှ တောင်ကြီးသို့ တင်ပို့လာသည့် နိုင်ငံခြားထုတ် ကုန်ပစ္စည်း အမျိုးမျိုးကို သိမ်းဆည်းမှု များကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ကျွဲတပ်ဆုံဂိတ်မှာက အရင်တုန်းကလည်း စစ်ဆေးကြမ်းတယ်။ ဒီနောက်ပိုင်းကြတော့ ကုန်ပစ္စည်းတွေ ပေးမဖြတ်တော့ဘူး။ အဓိကတော့ နိုင်ငံခြားကုန်တွေ စားသောက်ကုန်တွေက အစပါတယ်။”ဟု အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ကားဂိတ်များတွင်လည်း  နိုင်ငံခြားကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်၊ အဝတ်အထည်၊ စက်ပစ္စည်း၊ အလှကုန်၊ ကလေးအသုံးအဆောင်ပစ္စည်းများကို ကျွဲတပ်ဆုံးဂိတ်တွင် သိမ်းဆည်းမှုများ ပြုလုပ်နေသည့်အတွက် လက်ခံပိုဆောင်မှုများကို ယာယီရပ်နားထားကြောင်း  အမျိုးသမီးဂိတ်မှူးတစ်ဦးက ထပ်မံလောင်းပြောသည်။

“ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ တကယ်လို့ သူတို့ဖောက်စစ်လိုက်လို့ ထိုင်းပစ္စည်းတွေ၊ တရုတ် ပစ္စည်းတွေဆိုရင်ပေးမဖြတ်ဘူး မရဘူး။စားသောက်ကုန် ဖြစ်ဖြစ် အိမ်သုံးကုန်ဖြစ်ဖြစ်မရဘူး။ ပို့ချင်ရင်တော့ တစ် ပတ်လောက်တော့ စောင့်ကြည့်ရအုံးမယ်။”ဟု အမျိုးသမီးဂိတ်မှူးတစ်ဦးက ပြောသည်။

ထိုကဲ့သို့  ရန်ကုန်မှ တောင်ကြီးသို့ တင်ပို့လာသည့် ကုန်ပစ္စည်များကို သိမ်းဆည်းမှု ပြုလုပ်နေခြင်းကြောင့် ကုန်ပစ္စည်းများ ဈေးတက်ခြင်း၊ တောင်ကြီးမှတဆင့် ပြန်လည် တင်ပို့ရောင်းချနေသော တခြားမြို့နယ် ဒေသများတွင် ကုန်ပစ္စည်း ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း တောင်ကြီးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောကြားသည်။

“ခုဆို ထိုင်းဘက်က ပစ္စည်းတွေလည်း သိပ်မရောက်တော့ဘူး။ အဲ့ကြောင့် လိုအပ်မယ် ထင်တဲ့ ခရုဆီ၊ ဆပ်ပြာတို့ စတဲ့ လိုအပ်တာတွေကို စျေးထဲမှာ လုဝယ်ကြတယ်။ တစ်ချို့နေရာဆို မရောင်းပေးချင်ဘူး။ လုံးဝ ပစ္စည်း ပြတ်သွားရင် စျေးတင်ရောင်းကြအုံးမယ် ထင်တယ်။ နောက်နည်းနည်းဆို တခြားမြို့တွေလည်း ထိုင်းဘက်က ဘာပစ္စည်းမှ မဝင်လောက်တော့ဘူး။ ခေတ်နောက်ပြန် သွားနေသလိုပဲ။”ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

သြဂုတ် ၁၃ ရက်တွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ် ရေကြောင်းဂိတ်များမှ စ၍ ကုန်ပစ္စည်း၃၅ မျိုးကို တင်သွင်းခွင့် ယာယီပိတ်လိုက် ကြောင်း အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။

သြဂုတ်လ တတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင် ဘက်မှ သယ်ဆောင်ခွင့်မပြုခြင်း၊ ခရီးသည်သွားလာမှု နည်းပါးခြင်းတို့ကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နားထားရကြောင်း သိရသည်။

April 20, 2026
စိုင်းခွမ်မိန်း —မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ...
April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...