မောက်မယ်တွင် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ခိုလှုံ

မောက်မယ်တွင် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ခိုလှုံ
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)

သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း ၇၈ ဦးတို့သည် RCSS တပ်ဖွဲ့ထံ သွားရောက် ပူးပေါင်းခဲ့ကြသည်။

ဩဂုတ်လ ၂၇ ရက်နေ့က မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ရဲဘော်အချို့နှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း ၇၈ ဦးတို့သည် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း RCSS ၏ သတင်းနှင့်ပြန်ကြားရေး Tai Freedom မီဒီယာတွင် ထုတ်ပြန်ထားသည်။

ထိုသို့ လာရောက်ပူးပေါင်းသည့် PNLA တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို RCSS တာဝန်ရှိသူများက လက်ခံ ကြိုဆိုကာ အားပေးစကား ပြောဆိုခဲ့ပြီး စုစုပေါင်း ၇၈ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ သည်ဟု ဆိုသည်။

သျှမ်းပြည်တောင်ပိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက “အဖွဲ့အစည်းထဲမှာ ရေရှည်ရပ်တည်ဖို့ ခက်လာတဲ့သဘောလို့ မြင်တယ်။ ရန်သူ့ဘက်က ထွက်ပေါက်မပေးတော့တဲ့အချိန် နီးစပ်ရာကို အားကိုးရှာတဲ့ အနေနဲ့ ရဲဘော်တွေက မိသားစုအတွက် ရှင်သန်ရေးလမ်းကြောင်း ရွေးချယ်လိုက်တဲ့ သဘောပါပဲ။ မိခင် အဖွဲ့ အစည်း ရပ်တည်ချက်နဲ့ ရဲဘော်တွေရဲ့ ရပ်တည်ချက်က သပ်သပ်စီ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

၂၀၂၆ ခုနှစ် ဆန်းပိုင်းမှစ၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ် ပြောင်းရွှေ့ အခြေ စိုက်သည့် မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်အုပ်စုတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်း တပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သဖြင့် PNLA နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် မောက်မယ်မြို့နယ်ရှိ ဟံးဗွာ၊ နောင်ထောဝ်နှင့် ဗန်းမတ်ကျေးရွာတို့မှ ပြည်သူ ၁,၀၀၀ ခန့်သည် နားဟီးကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေများ လိုအပ်လျက်ရှိသည်။ ၎င်းတို့၏ နေအိမ်အများစုမှာလည်း မီးရှို့ခံထားရသဖြင့် နေရပ် မပြန်နိုင်ကြသေးပေ။

လက်ရှိတွင် ကဒူးကြီးဒေသ၌ PNO ပြည်သူ့စစ်ဘက်မှ နေရပ်ပြန် စစ်ဘေးရှောင်များကို စစ်မှုထမ်းရန် ခေါ်ယူနေ ပြီး ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည့်အပြင် မြေမြှုပ်မိုင်းအန္တရာယ်လည်း ရှိနေသေးသဖြင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

အလားတူ ဆီဆိုင်တိုက်ပွဲ ဖြစ်ပွားစဉ်ကလည်း RCSS ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ဘေးရှောင်လာသည့် ပအိုဝ်းတိုင်းရင်းသားများကို RCSS တာဝန်ရှိသူများက လက်ခံကြိုဆို၍ စားဝတ်နေရေးအတွက် ကူညီပံ့ပိုးပေးခဲ့ သည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...