နန့်ယား- ဖားကန့်လမ်းအတိုင်း စစ်ကော်မရှင် စစ်ကြောင်းထိုး

နန့်ယား- ဖားကန့်လမ်းအတိုင်း စစ်ကော်မရှင် စစ်ကြောင်းထိုး
Photo - CJ
Photo - CJ

မြစ်ကြီးနား-ဖားကန့် ကားလမ်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာကနေ စစ်ကော်မရှင်တပ်သား အင်အားတစ်ရာခန့်ပါ စစ်ကြောင်းဟာ ဒီကနေ့ မနက် ၈ နာရီခွဲလောက်မှာ ဖားကန့်မြို့ဘက် စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

အထက်ပါစစ်ကြောင်းဟာ ဖားကန့်မြို့ဘက် စစ်အင်အားဖြည့်ဖို့ စစ်ကြောင်းထိုးလာကြတာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“ဖားကန့်ဘက်တက်လာတဲ့ စစ်ကော်မရှင်တပ်တွေ ဟုတ်တယ်။ (စစ်ကြောင်း)ဆက်တက်လာနေသေးတယ်။ အယောက်တစ်ရာလောက်တော့ ဟုတ်တယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မအူပင်ရေကာတာ ကျေးရွာမှာလည်း စစ်ကော်မရှင်တပ်သားအင်အား တစ်ရာခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း ရပ်နားနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီစစ်ကော်မရှင် စစ်ကြောင်းနှစ်ကြောင်းဟာ မနေ့က ဩဂုတ်လ ၂၀ ရက်နေ့က မိုးကောင်းစစ်ကောင်စီ စကခ (၃)ကနေ နန့်ယားကျေးရွာဘက် ရောက်ရှိလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သီးခြားတော့ အတည်မပြုနိုင်ပါဘူး။

ဩဂုတ်လ ၁၁ရက်နေ့ကလည်း နန့်ယားကျေးရွာအုပ်စု ကျောက်ထုကျေးရွာမှာ ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကတည်းက မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း ဖားကန့်မှော်ဒေသအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ မှော်ဒေသတွေကိုလှည့်လည် စစ်ကြောင်းထိုးနေတာ အခုအချိန်ထိ ဖြစ်ပါတယ်။

အဲဒီလိုဝင်ရောက်လာပြီးနောက်ပိုင်း KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကော်မရှင်တပ်ကနေ လူနေရပ်ကွက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှုတွေ ရှိနေတာပါ။

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...