ဖားကန့်သို့ စစ်ကောင်စီတပ် အင်အားရာချီ ပို့နေ၊ KIA ကြားဖြတ်တိုက်

ဖားကန့်သို့ စစ်ကောင်စီတပ် အင်အားရာချီ ပို့နေ၊ KIA ကြားဖြတ်တိုက်
Photo - KIA
Photo - KIA

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်ကောင်စီက စစ်သည်အင်အား ရာချီ၍ ထပ်မံ ပို့ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါအဝင် ၎င်းတို့လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ၏ တပ်ဖွဲ့ဝင်များ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းမှာ ကာမိုင်း- ဖားကန့်လမ်းကြောင်းမှ ဖားကန့်မြို့သို့ ချီတိုက်လာနေပြီး လမ်းတလျှောက်တွင် KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ ရှိနေသည်။

“အင်အား ၅၀၀ လောက်ရှိမယ်၊ ကားလမ်းအတိုင်း ချီတက်နေကြတာ။ အဲဒီစစ်ကြောင်းကို KIA က ကာမိုင်း လမ်းကြောင်းတလျှောက် ကြားဖြတ်တိုက်ခိုက်တာတွေရှိပေမယ့် ဖားကန့်ကို တဖြည်းဖြည်း ဆက်ပြီး တက်နေတယ်” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်နှင့်အတူ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး SNA တာဝန်ရှိသူထံ DMG က ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

ရှမ်းနီတပ်မတော်သည် ၂၀၂၁ တွင် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး လက်ရှိ ကချင်ပြည်နယ်က ဖားကန့်၊ မိုးညှင်း၊ အင်းတော်ကြီး စသည့် မြို့နယ်များအပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် အာဏာသိမ်း စစ်တပ်နှင့်အတူ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့အနီး ရှရော်ခ၊ ညောင်ပင်ကုန်း၊ အမှိုက်ပုံ၊ မောဝမ်းလေးနှင့် မော်ဝမ်းကြီးကျေးရွာများ အနီးဝန်းကျင်တွင် ပြီးခဲ့သည့် မေလပိုင်းက စ၍ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ရှိနေသည်။

လက်ရှိ ကာမိုင်းလမ်းကြောင်းမှ ချီတက်လာသော စစ်ကြောင်းမှာ ဖားကန့်မြို့ကို ထိန်းချုပ်၍ ရွေးကောက်ပွဲ အတွက် လုံခြုံရေး ပြရန် ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆသည်။

“ဖားကန့်မှာ ရွေးကောက်ပွဲ အကောင်အထည်ဖော်နိုင်ဖို့အတွက် လုံခြုံရေးအရ အင်အားဖြည့်တာလို့ မြင်ပါတယ်။ မြို့ရဲ့ ပတ်ချာလည်မှာ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ပေမဲ့ ဖားကန့်မြို့ပေါ်ကိုတော့ လုံခြုံရေးအင်အား အပြည့်နဲ့ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်လို့ ထင်ပါတယ်” ဟု ဖားကန့်ဒေသခံ နောက်ထပ်အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့ရှိ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများမှာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် မြစ်ကြီးနားတွင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတက်ရောက်မှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

KIA/ KPDF ပူးပေါင်းတပ်တို့သည် ပြီးခဲ့သည့် ၂၀၂၄ အစောပိုင်းမှ ၂၀၂၅ ဖေဖော်ဝါရီအထိ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းအများကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

သို့သော်လည်း ဖားကန့်မြို့နယ်အတွင်းရှိ ၎င်းတို့၏ လက်ကျန် တပ်စခန်းများကို အင်အားဖြည့်ရန် အင်တော်ကြီး- ဖားကန့်လမ်းပိုင်းမှ အင်အား ၆၀၀ ခန့်ပါသော စစ်ကြောင်းကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ပို့ဆောင်ခဲ့သည်။

ယင်းစစ်ကြောင်းမှာ ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် ဖားကန့်မြို့အနီးကို ရောက်ရှိ၍ ၎င်းတို့၏ ယခင် လက်ကျန် တပ်စခန်းများနှင့် ပူးပေါင်းနိုင်ခဲ့ပြီး ယခုအခါ အင်အား ၅၀၀ ခန့်ပါသော နောက်ထပ် စစ်ကြောင်းတစ်ခုကို ထပ်မံ စေလွှတ်ခြင်းလည်း ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...