ကလိန်အောင်-ကံပေါက်လမ်းပိုင်း ညပိုင်းမသုံးဖို့ တပ်ပေါင်းစုသတိပေး

ကလိန်အောင်-ကံပေါက်လမ်းပိုင်း ညပိုင်းမသုံးဖို့ တပ်ပေါင်းစုသတိပေး

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်-ကံပေါက် ပြည်ထောင်စုလမ်းကို ဩဂုတ် ၁၈ ရက်နေ့ကစတင်ပြီး ညပိုင်းသွားလာတာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက သတိပေး ထုတ်ပြန်ပါတယ်။

လတ်တလော နှစ်ဖက်စစ်ရေးအခြေအနေကြောင့် အများပြည်သူတွေအနေနဲ့ အဲဒီပြည်ထောင်စုလမ်းပိုင်းမှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ခရီးသွားလာတာတွေ မပြုလုပ်ဖို့ သတိပေးထားတာပါ။

ဒေါနတပ်ခွဲ ၆ တာဝန်ခံ ကိုပျံလွှားကတော့ ဒီသတိပေးချက်ဟာ အများပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်စစ်ရေးအခြေအနေအရ ခရီးသွားလာခွင့်ပြန်ပေးလို့ရတဲ့အချိန်အခါရောက်ရှိလာပါက အများပြည်သူသိအောင် ပြန်လည်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိပေးထားတဲ့အတိုင်း လိုက်နာသွားလာကြဖို့နဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖြစ်လာမယ့်အကျိုးဆက်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ အဲဒီပြည်ထောင်စုလမ်းပိုင်းမှာ နယ်မြေစိုးမိုးမှု ယူနိုင်ဖို့အတွက် ခရီးသွားကားတွေထဲမှာ စစ်ကောင်စီနဲ့ပတ်သက်သူတွေ ပါလာတာရှိ မရှိ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အလားတူ ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်း ကော့လှိုင်းကျေးရွာအနီးမှာလည်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမားနေပြီး တိုက်ပွဲတွေလည်း ပြန် လည်ဖြစ်ပွားတာတွေ ရှိနေပါတယ်။

Most read this week

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...