စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ဖယ်ခုံမြို့နယ် ဒေသခံများနေရပ်ပြန်ခိုင်း

စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ဖယ်ခုံမြို့နယ် ဒေသခံများနေရပ်ပြန်ခိုင်း

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့သည့် ဒေသခံများကို စစ်ကော်မရှင်က ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေသည့် ဖယ်ခုံမြို့နယ် ဒေသခံများကို နေရပ်ပြန်ခိုင်းနေကြောင်း ဖယ်ခုံသျှမ်းလူငယ်များ အသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံးက ဖယ်ခုံမြို့အနီးနားမှာ ရှိတဲ့ ရွာတွေကို ‌ပြန်နေခိုင်းတယ်။ စာသင်ကျောင်းတွေ အကုန်နီးပါး ၁၈ ရက်က ပြန်ဖွင့်တယ်။” ဖယ်ခုံသျှမ်းလူငယ်များအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ ညောင်ရွှေမြို့နယ် နှင့် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေသော စစ်ဘေးရှောင်လာသည့် ဖယ်ခုံဒေသခံအများစုသည် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်အတွင်းတွင်လည်း နေရပ်ပြန်နေကြကြောင်း ညောင်ရွှေမြို့ စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ထပ်မံလောင်းပြောသည်။

“အခုက ဖယ်ခုံက စစ်ရှောင်တွေ ပြန်တော့ပြန်နေကြပါပြီ။ကလေးကို ဒီမာကျောင်းနေတဲ့လူတွေက သွားသွားပြန်ပြန်လုပ်နေတာပါ။သူတို့ကတော့ ရွေးကောက်ပွဲမတိုင်ခင်ပြန်ဖို့ တဆင့် ပြောနေတာမျိုး တွေတော့ ရှိနေပါတယ်။နေအိမ်တွေမီးရှို့ခံရတဲ့လူတွေက အစပြန်နေရပ်ပြန် သွားကြပါပြီ။”ဟု ညောင်ရွှေမြို့ စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင် ပြန်လည်းထိန်းချုပ်နေသည့် ဖယ်ခုံမြို့နယ်တွင် ပညာရေးဝန်းထမ်းများကိုပါ ပြန်ခေါ်ပြီး အခြေခံပညာ အလယ်တန် နှင့် အထက်တန်းကျောင်းများကိုလည်း ပြန်ဖွင့်နေကြောင်း သိရသည်။

စစ်ရေးအရ အ‌ရေးပါသော ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်ကော်မရှင်က ပြန်လည် ထိန်းချုပ်ထား ပြီး‌နောက် ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးကို နေ့စဉ် ယာဉ်လိုင်းကားတွေ ပြန်လည် ပြေးဆွဲနေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ လ ဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည်း ထိန်းချုပ်နိုင်ရန် တော်လှန်ရေး တပ်ပေါင်းစုများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ကာ ဒေသခံ ၁ သောင်းဝန်ကျင်သည် နီးစပ်ရာမြို့ သို့ စစ်ဘေးရှောင်သိမ်းရှောင်ခဲ့ရသည်။

March 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...