မိုင်းပျဉ်းတွင် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုး၍ RCSS နှင့် ထိတွေ့တိုက်ပွဲဖြစ်

မိုင်းပျဉ်းတွင် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုး၍ RCSS နှင့် ထိတွေ့တိုက်ပွဲဖြစ်
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ထိန်းချုပ်နယ်မြေအနီး သို့ စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က နယ်မြေကျော်လွန် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ် ဆင်မောင်းနှင့် တာကော်ကျေးရွာအုပ်စု အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စုတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လာ သဖြင့် နာရီဝက်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူး စိုင်းခမ်းစံက အတည်ပြုသည်။

RCSS ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းခမ်းစံက “စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းပြီး ကျနော်တို့ RCSS နယ်မြေထဲ စစ်ကြောင်းထိုးလာပြီး နာရီဝက်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပြီး စစ်တပ်ဘက် (၆)ယောက် သေတယ်။ သူတို့ (စစ် တပ်နဲ့ပြည်သူ့စစ်) ပြန်ဆုတ်သွားတော့ ၆၀ မမ မော်တာနဲ့ လှမ်းပစ်တယ်။ နယ်မြေတွေထဲဝင်ရင် ခွင့်တောင်းရ မယ်။ ခွင့်မရဘဲဝင်ရင် ပစ်မိန့်ပေးထားပါတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် စစ်အုပ်စုတပ်၏ ခြေမြန်တပ်ရင်း ခမရ-၃၁၄ မှ ဗိုလ်ကြီး သန်းနိုင်စိုး ဦးဆောင်သည့် တပ်ဖွဲ့ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့သည် အင်အား ၆၀ ခန့်ဖြင့် RCSS ထိန်းချုပ်နယ်မြေအတွင်းသို့ ကြိုတင် ခွင့်ပြု ချက် တောင်းခံခြင်း မရှိဘဲ ဝင်ရောက်လာခြင်းဖြစ်သည်။

ဗိုလ်မှူးစိုင်းခမ်းစံက “အခုတော့ စစ်ရေးငြိမ်သွားပါပြီ။ သူတို့ (စစ်တပ်) က ကင်းလှည့်တဲ့ ပုံစံဆိုရင် ၆၀ မမ ပါလာစရာ မလိုဘူး။ ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ” ဟု ဆက်လက် ပြောသည်။

မိုင်းပျဉ်းမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် RCSS တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် သာဓကများလည်း ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ခမ်းကျေးရွာအုပ်စုရှိ RCSS တပ်စခန်းကို စစ်အုပ်စုတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်အုပ်စုထံမှ လက်နက် ၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း RCSS က ထုတ်ပြန်ခဲ့ဖူးသည်။

စစ်အုပ်စု၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် RCSS ပါဝင်သော 7 EAO Alliance အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရှိနေသော်လည်း စစ်တပ်၏ နယ်မြေကျော်လွန် ဝင်ရောက်မှုများကြောင့် ယခုကဲ့သို့ စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေရခြင်း ဖြစ်သည်။

ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...