ကျောက်ဖြူမြို့တွင် သေနတ်ပြ ခြိမ်းခြောက် လုယက်မှုဖြစ်

ကျောက်ဖြူမြို့တွင် သေနတ်ပြ ခြိမ်းခြောက် လုယက်မှုဖြစ်

စစ်ကောင်စီထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက် ဒေသအခေါ် (ငါးကျောင်းနား)အနီးက နေအိမ်တစ်ဆောင်တွင် သေနတ်ပြ၍ ခြိမ်းခြောက်၊ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ် ၁၃ ရက်၊ ညည့် ၁ နာရီခန့်တွင် ဦးဖိုးသာဦး နေအိမ်ကို သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး ဝင်လာပြီး ခြိမ်းခြောက် လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ညာဉ့်အချိန်မှာ လူတစ်ယောက်ဝင်လာတယ်။ အသက် ၂၀ ကျော်လောက်ရှိတဲ့ ဦးဖိုးသာဦးရဲ့ သားကို အဲဒီလူက သေနတ်နဲ့ တည့်ပြီး အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ လုယူတာတွေ ပေးဖို့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့တာ။ အဲဒီအချိန်မှာ ဦးဖိုးသာဦးသားနဲ့အတူ နေအိမ်မှာအိပ်နေတဲ့ ကောင်လေးတစ်ယောက်က ဒီသေနတ်ကို ပြန်လုကြရင်း ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး သေနတ်က ထပေါက်သွားတယ်။ ဘယ်အိမ်နားက လူတွေ ဝိုင်းလာတော့ အဲဒီလူက ထွက်ပြေးသွားတယ်” ဟု ဖြစ်စဉ်အခြေအနေကို သိရှိသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ကိုင်ဆောင်ထားသူသည် တရားခံဖမ်းရန် အကြောင်းပြချက်ဖြင့် အိမ်သို့ဝင်ရောက် လာခြင်းဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ကျည်ထွက်ပေါက်ချိန် သေနတ်ကို စွန့်လွှတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ချိန်တွင် ဦးဖိုးသာဦး၏ သားဖြစ်သူမှာ သေနတ်ဘောင်ဖြင့် ထုရိုက်ခံခဲ့ရကြောင်း ဆိုသည်။ အနီးနားက လူများ ရောက်လာမှုကြောင့် လုယက်သူက ဖုန်း၊ ပိုက်ဆံနှင့် ကြက်နှစ်ကောင်အပြင် ကိုင်ဆောင်လာသည့် သေနတ်ကိုပါ ထားရစ်၊ ထွက်ပြေးခဲ့ရခြင်းလည်းဖြစ်သည်။

“အိမ်သားတွေကတော့ သေနတ်နဲ့ ထုရိုက်တဲ့ ဒဏ်ရာရယ်၊ ပြီးတော့ သေနတ်ကို အပြန်အလှန် လုကြတဲ့အချိန် ကုတ်ရာ၊ ခြစ်ရာတွေက ကလွဲလို့ ကျန်တာ ဘာမှမဖြစ်လိုက်ဘူးလို့ သိရတယ်။ သေနတ်ကိုတော့ ရပ်ကွက် ဥက္ကဌ ဆီမှာ အပ်နှံထားလို့ တာဝန်ရှိတဲ့လူတွေ (စစ်ကောင်စီ) က လာသိမ်း သွားပြီလို့ သိရတယ်” ဟု နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ခြိမ်းခြောက်လုယက်ခံရမှုနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် ဦးဖိုးသာဦး မိသားစုဝင်များကို DMG က စုံစမ်းဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိ ဖြစ်နေသည့် ကျောက်ဖြူတိုက်ပွဲတွင် တိုက်ခိုက်လိုစိတ်မရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထွက်ပြေးသူများရှိနေပြီး ယခု လုယက်မှုမှာလည်း စစ်ကောင်စီတပ်ပြေးတစ်ဦး ဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆသည်။

“ကြက်တွေကိုပါ ယူဖို့လုပ်တာဆိုတော့ တပ်က ထွက်ပြေးလို့ အစာငတ်ပြတ်နေတဲ့ လူဖြစ်ဖို့ များပါတယ်။ ပြီးတော့ ဒေသအခြေအနေကို သိတဲ့လူဆိုရင် ချမ်းသာတဲ့ အိမ်ကိုပဲ ရွေးချယ်ပြီးတော့ တကယ့် အချီကြီးဖြစ်မယ့် အိမ်ကိုပဲ လုမှာပေါ့ " ဟု ကျောက်ဖြူမြို့ခံ လူငယ်တစ်ဦးက သုံးသပ်သည်။

ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များမှာ မကြာခဏထွက်ပြေးမှုများ ရှိနေသည်။

ကျောက်ဖြူမြို့ထဲတွင် စစ်ကောင်စီ တပ်ပြေးများကို လက်ခံထားသည်ဟုဆိုကာ ပြီးခဲ့သည့် မေလနှင့် ဇွန်လ အတွင်းက ကုလာဘာတောင်၊ တောင်ရင်း၊ တိုးချဲ့နှင့် ငလပွေ့ရပ်ကွက်တို့မှ ဒေသခံ ၈ ဦးထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် ၂၀၂၄ နှစ်လယ်ပိုင်းက စ၍ နေအိမ်များဖောက်ထွင်းခိုးယူခံရမှု၊ လုယက်ခံရမှု၊ ခြိမ်းခြောက်ခံရမှု စသည့် ခိုးဆိုးလုယက်မှုများကို ရင်ဆိုင်နေရပြီး ယခုအခါ စစ်ကောင်စီတပ် ပြေးများ၏ အန္တရာယ်ကိုပါ မြို့ခံများက စိုးရိမ်နေရသည်။

March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
March 24, 2026
အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး...