ရေနစ်မြှုပ်နေတဲ့ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းတွေကို ကူညီရေးအတွက် ကိုယ်တိုင်ကွင်းဆင်းမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ကတိပေး

ရေနစ်မြှုပ်နေတဲ့ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းတွေကို ကူညီရေးအတွက် ကိုယ်တိုင်ကွင်းဆင်းမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ကတိပေး

မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းကို ယခုအပတ် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အစိုးရဌာနပေါင်းစုံ ဝန်ထမ်းများနဲ့အတူ ကိုယ်တိုင် ကွင်းဆင်းလာရောက်မှာဖြစ်ကြောင်း ရှမ်းစစ်ဘေးရှောင်ကူညီနေသူတာဝန်ခံကို ကတိပေးခဲ့တယ်လို့ သိရပါတယ်။

“ရေလွတ်ကင်းတဲ့နေရာမှာ ယာယီတဲလေးတွေ ပြန်ပြီးတည်ဆောက်ခွင့်ပေးဖို့အတွက်ရယ် သီးပင် စားပင်လေးတွေ စိုက်ပျိုးခွင့်ရဖို့အတွက်ပေါ့လေနော့ ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းပြီးတော့ စီစဉ် ဆောင်ရွက်ပေးပါမယ်လို့ ကတိတော့ပေးလာတယ်” လို့ စခန်းတာဝန်ခံက ပြောပြပါတယ်။

မကြာသေးမီ ရက်ပိုင်း သြဂုတ်လ(၃)ရက်နေ့ကနေ မိုးသည်းထန်ပြီး အဆိုပါ စစ်ဘေးရှောင်စခန်း ရေနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ကာ ယနေ့အထိ ရေဝပ်နေပြီး လျော့ကျသွားခြင်းမရှိနေတာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် ကွင်းဆင်းလာရောက်ပြီး လိုအပ်မှုများကို စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဝန်ကြီးချုပ်က ကတိပေးထားကြောင်း သိရပါတယ်။

ယခု စစ်ဘေးရှောင်စခန်း တည်ဆောက်ထားတဲ့ မြေနေရာကို ယခုနှစ်ကနေ လာမယ့် ၂၀၂၆ နှစ်ကုန်အထိ နှစ်နှစ်စာသာ နေထိုင်ခွင့်ပြုပေးထားတာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းက အမိုးအကာထောက်ပံ့ပေးမှုများ အနည်းငယ်ရှိခဲ့ပါတယ်။ 

သို့သော် အိမ်ထောင်စုပေါင်း (၇၀၀) နီးပါးခိုလှုံနေတဲ့ ဒီစခန်းအတွက် လုံလောက်တဲ့ အကူအညီနဲ့ ထောက်ပံ့စရိတ်များရရှိဖို့ အကြိမ်ပေါင်းများစွာ တင်ပြတောင်းဆိုခဲ့မှုများပြုလုပ်ခဲ့ပေမယ့် တစ်စုံတစ်ရာ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးခဲ့ခြင်းတော့ မရှိဘူးလို့ သိရပါတယ်။

“သူ ဝန်ကြီးချုပ်ဖြစ်နေတဲ့အချိန်ကာလမှာတော့ သူအားလုံးကြည့်ပြီး ဆောင်ရွက်ပေးသွားမယ်လို့တော့ ကတိပေးခဲ့ဖူးပါတယ်။ တောင်းဆိုခဲ့တာတော့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရရှိခဲ့ဖူးတာတွေတော့ မရှိပါဘူး။ ထွေထွေထူးထူး မရှိသေးပါဘူးခင်ဗျ” ဟု သူက ဆိုပါတယ်။ 

ဒီစစ်ဘေးရှောင်စခန်းမှာ ၂၀၂၄ ခုနှစ် မတ်လစပြီး စစ်ကောင်စီတပ်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဆင်ဘိုမြို့၊ တာလောကြီးတိုက်နယ်အတွင်းက ဒေသခံတွေလည်း ခိုလှုံနေသလို ဝိုင်းမော်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်း စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ ရှမ်းတိုင်းရင်းသားတွေလည်း ရှိနေပါတယ်။

Most read this week

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...