KIO ဌာနချုပ်က ရေကြီးရေလျှံမှုမှာ ဂျေယန်းစစ်ရှောင်စခန်းဘက်က နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီး၊ အခြားပျက်စီးမှုများ အတိအကျမသိရသေး

KIO ဌာနချုပ်က ရေကြီးရေလျှံမှုမှာ ဂျေယန်းစစ်ရှောင်စခန်းဘက်က နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီး၊ အခြားပျက်စီးမှုများ အတိအကျမသိရသေး

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဌာနချုပ်အတွင်းက ရေကြီးရေလျှံမှုအတွင်း ဂျေယန်း(Je Yang) စစ်ရှောင်စခန်းဘက်က နေအိမ်အလုံး ၂၀ လောက် ထိခိုက်ပျက်စီးသွားတယ်လို့ ကြားသိရပြီး တစ်ခြားနေရာတွေဘက်က ထိခိုက်ပျက်စီးမှု စာရင်းအတိအကျကိုတော့ မသိရှိရသေးဘူးလို့ KIO က ပြောပါတယ်။

ဂျာထူကောင်(Ja Htu Kawng)ဘက်မှာလည်း နေအိမ်အချို့ ထိခိုက်တာရှိတဲ့အပြင် ဖွန်လွမ်ယန်(Hpum Lum) အထက်ဘက်က စစ်ရှောင်စခန်းဘက်မှာပါ အခြေအနေဆိုးတယ်လို့ ကြားသိနေရပေမဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် နေအိမ်ထိခိုက်မှု စာရင်းအတိအကျကိုတော့ မသိရှိရသေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဂျာထူကောင်၊ ဂျေယန့်၊ ဖွမ်လွမ်ယန် စစ်ရှောင်စခန်းဘက် အဲဒီဘက် ထိခိုက်သွားတာ ရှိတယ်။ လိုင်ဇာမှာက တံတားအကုန်မြုပ်သွားတယ်။ ဒီညနေဘက်တော့ တံတားပေါ်ကနေ ရေတော့မကျော်တော့ဘူး။ ဒါပေမဲ့ ကားတွေ ဖြတ်လို့ မရသေးဘူး။ ဂျေယန်းဘက် သွားဖို့က မုန်လိုင်ချောင်းတံတား ကျော်လို့မရသေးတော့ ကျွန်တော်တို့လည်း မသွားနိုင်သေးဘူး။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဂျေယန်းနဲ့ ဖွမ်လွမ်ယန်အထက်က စစ်ရှောင်စခန်းဘက် အခြေအနေဆိုးတယ်လို့ ကြားသိရပြီး လမ်းပြိုတာတွေလည်း ရှိနေတဲ့အတွက် သွားရောက်ကြည့်ရှုဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုအတွင်း သေဆုံးသူတွေပါ ရှိနေတယ်လို့ ဒေသခံတွေ ပြောဆိုနေကြပေမဲ့ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး အတိအကျ မကြားသိရသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မိုးသည်းထန်မှုကြောင့် တောင်ကျချောင်းရေကြီးလာပြီး ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက်အစောပိုင်းမှာ လိုင်ဇာမြို့တွင်းက မုန်လိုင်ချောင်းရေကြီးရေလျှံ ဖြစ်လာတာပါ။

လိုင်ဇာမြို့နဲ့ မုန်းဆိုင်ယန်(Mung Seng Yang)ကို ဆက်သွယ်ထားတဲ့ ချောင်းကူးတံတားပါ ရေနစ်မြုပ်သွားပြီး ဒီကနေ့ညနေပိုင်းမှာတော့ တံတားပေါ်ထိရေကျော်တာ မရှိတော့ပေမဲ့ ကားတွေတော့ သွားလို့မရသေးတဲ့ အခြေအနေဖြစ်ပါတယ်။

ရေကြီးရေလျှံမှုမှုကြောင့် ဂျေယန်း(Je Yang)၊ ဆွတ်မူအောင်(Sut MU Awng)၊ ဖွန်လွမ်ယန်(Hpum Lum Yang)၊ ဂျာထူကောင်(Ja Htu Kawng)နဲ့ မုန့်ဆိုင်ယန်(Mung Seng Yang) ဒေသခံပြည်သူတွေရဲ့ ချောင်းအနီးအနားက နေအိမ်တွေ ရေထဲမျောပါသွားတာတွေ ရှိခဲ့ပါတယ်။

စစ်ရှောင်စခန်းအတွင်းက လူနေအိမ်အချို့လည်း ရေထဲမျောပါပျက်စီးတာတွေ ရှိခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့လည်း လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...