AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ

AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်ရှိ သဒွတ္ထိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဇူလိုင် ၃၀ ရက်)၊ နေ့လည် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချခဲ့မှုကြောင့် သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်းဆောင်ကြီး၊ သံဃာတန်း၊ သိမ်၊ ဓမ္မာရုံခေါင်မိုးနှင့် နံရံအချို့ ပြိုကျပျက်စီးသွားခဲ့သည်။

“လူထိခိုက်မှုတော့ မရှိဘူး။ ဘုန်းကြီးကျောင်းဆောင်တွေတော့ ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ ပြည်သူတွေနေတဲ့ နေရာကို သက်သက်မဲ့ ဗုံးကြဲသွားတာ” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် သက်တော် ၉၃ နှစ်အရွယ် သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့တွင် ကုလဘာကျေးရွာကိုလည်း ဗုံးကြဲမှုကြောင့် ၅၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ နေထိုင်သွားလာရာ နေအိမ်၊ ဘုန်ကြီးကျောင်း၊ အဆောက်အအုံတို့ကို ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေသည်။

“ကျောက်ဖြူတိုက်ပွဲက ငြိမ်သက်လိုက် ပြန်ဖစ်လိုက် အနေအထားမှာ ရှိတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ရွာတွေကို လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏရှိနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခု ဇူလိုင်လအတွင်းတွင် ကျောက်ပြောက်၊ ပြူးချွိန်၊ ဝါနက်ချွိန်၊ သဒွတ္ထိန်၊ ဇင်ချောင်းရွာတို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်နေ၍ အရပ်သားထိခိုက်မှုလည်း ရှိနေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လမှ စ၍ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်းနှင့် ဒဏ်ရာရသူ ၃၀ ဦး ထက်မနည်း ရှိလာကြောင်း DMG က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီသည် AA ထိန်းချုပ်ရာ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် စသည့် ကျောက်ဖြူတိုက်ပွဲသည် ယခုအခါ ၅ လကျော် ကြာမြင့်လာပြီး AA က မြို့နှင့် ၆ မိုင်အနီးထိ ထိန်းချုပ်ထားသလို အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်စခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်ခြင်းများ ရှိနေသည်။

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...