ဝါရာဇွပ်တွင်း ရွှေတူးဖော်နေမှုကို ဒေသခံတွေကန့်ကွက်

ဝါရာဇွပ်တွင်း ရွှေတူးဖော်နေမှုကို ဒေသခံတွေကန့်ကွက်

တနိုင်းသွားလီဒိုလမ်းပေါ်  ဝါရာဇွပ်ကျေးရွာ၊ မိုးကောင်းချောင်းမြစ်ကမ်းနံဘေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးတာဝန်ခံတစ်ချို့နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ရွှေတူးဖော်နေတဲ့အတွက် ဒေသခံပြည်တွေ ကန့်ကွက်နေပါတယ်။

ဝါရာဇွပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဝါရာဇွပ်ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO တပ်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် KIO တိုက်နယ်အရာရှိ ဦးဆန့်အောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ဦးလမုန်လဂျာ နှစ်ဦးပူးပေါင်းပြီး ရွှေတူးဖော်နေတယ်လို့ ဝါရာဇွပ်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ကျေးရွာထဲက မြစ်ကမ်းနံဘေးမှာတင် ဟုတ်တယ်။ အဲဒီနေရာကို ဒေသခံတွေဘယ်သူမှ ရွှေမတူးဖော်ဖို့ တားမြစ်ထားကြတဲ့နေရာလည်း ဟုတ်တယ်။ အဲဒီထဲမှာ လုပ်ငန်းရှင် ၃ ဦးကို ထည့်ထားတယ်။ အဲ့ဒီနေရာမှာ ရွှေတူးဖော်လိုက်ရင် နောက် ရေကြီးလာရင် ကျေးရွာအထိ တိုက်စားလာမှာ ဟုတ်တယ်။ အရမ်းစိုးရိမ်ရတဲ့ နေရာဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့နေရာဟာ ရွာနဲ့ မိုးကောင်းချောင်းကမ်းပါးကပ်ရပ်ရှိ ရွာထိပ်ပိုင်းမှာ ဖြစ်တယ်လို့ သိရပြီး ရှဒူးဇွပ်ကျေးရွာက လုပ်ငန်းရှင် ဦးလှမြင့်ဆိုသူနဲ့ နောက်ထပ်လုပ်ငန်း ၂ ဦးကို ရွှေတူးဖော်ခွင့်ပြုထားတဲ့အတွက် ဝါရာဇွပ်ဒေသခံတွေ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဝါရာဇွပ်ဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ တစ်ပတ်ကျော်ခန့် အကြာမှာပဲ အခုလိုလုပ်ငန်းရှင်တွေကို ခေါ်ယူပြီး တားမြစ်ထားတဲ့နေရာမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်လိုက်တဲ့ အခြေအနေကို ကြုံတွေ့ရတာဖြစ်တယ်လို့ ဝါရာဇွပ်ဒေသခံ တစ်ဦးက ဆက်ဆိုပါတယ်။

“ကျနော်တို့ ဒေသခံတွေက တိုက်ပွဲဖြစ်လို့ ထွက်ပြေးသွားကြတယ်။ ရွာထဲမှာ တိုက်ပွဲဖြစ်တာ ဘယ်လောက်မှ မကြာဘူး လုပ်ငန်းရှင်တွေကိုခေါ် ထည့်လိုက်တာ။ အခုက ကမ်းပါးပတ်ပတ်လည်မှာ တူးဖော်နေကြသေးတာ။ ရွာရဲ့ အထက်ပိုင်း အောက်ပိုင်း အကုန်တူးစားလိုက်ပြီ။ ဒါပေမယ့် ဒေသခံတွေ အဲဒီနေရာက ရွာထိခိုက်လာနိုင်တဲ့ အတွက် ရွှေမတူးဖော်ဖို့ တားမြစ်ထားတာဖြစ်တယ်” လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေဟာ တိုက်ပွဲကြောင့် တောတွင်းနေရာတွေမှာ ခက်ခက်ခဲခဲ စစ်ဘေးတိမ်းရှောင်နေရတဲ့အချိန် တစ်ဖက်မှာ အာဏာရရှိထားတဲ့သူတွေက ကျေးရွာပျက်စီးလာနိုင်တဲ့အထိ လုပ်ဆောင်နေတာကြောင့် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ဆက်ဆိုပါတယ်။

ရွှေတူးဖော်နေတဲ့ ကမ်းပါးရဲ့ ရွာဘက်ခြမ်းမှာ ပြည်သူလူထုတွေရဲ့ နှစ်ရှည်ပင်မျာစွာ စိုက်ပျိုးထားတဲ့ မြေနေရာနဲ့ လက်ရှိ လုပ်ငန်းစားသောက်နေတဲ့ လယ်ယာလုပ်ငန်းတွေရှိနေတာကြောင့် ရေရှည်မှာ ရေကြီးရေလျှံဖြစ်ကာ ထိခိုက်ပျက်စီးသွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဝါရာဇွပ်ဒေသမှာ ဖေဖော်ဝါရီလဆန်းပိုင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဝါရာဇွပ် ပြည်သူ့စစ် အဖွဲ့တွေ စစ်ရေးတင်းမာမှုဖြစ်လာတဲ့အပြင် ပြည်သူ့စစ်အဖွဲ့တွေက ဝါရာဇွပ်ကျေးရွာကို နေ့တိုင်းတိုင်းလိုလို လေကြောင်းအပါ ဒရုန်းနဲ့ ပစ်ခတ်နေတဲ့အတွက် ကျေးရွာပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ ဦးဆောင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဟာ လူနေအိမ် ၃၀ ခန့်ကို မီးရှို့ ဖျက်ဆီးပေးလိုက်တဲ့အတွက် ဒေသခံတစ်ချို့က အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး ကျေးရွာထဲကို လာရောက်နေထိုင်ဖို့ အခက်အခဲဖြစ်နေကြတာ ဖြစ်ပါတယ်။

ဝါရာဇွပ်ဒေသခံပြည်သူတွေ တောတွင်းနေရာထဲမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ၃ လခန့်ကြာမြင့်လာတဲ့အချိန် မိုးတွင်းကာလအတွင်း နေရာအခက်အခဲ၊ အစားအသောက်အခက်ခဲတွေကြောင့် မေလလောက်ကနေ ကျေးရွာထဲကို ဒေသခံတစ်ချို့က လာရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။

ကျေးရွာထဲကို လာရောက်နေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးတာဝန်ခံ တွေက ကျေးရွာထဲမှာ မနေကြဖို့ တားမြစ်ပြောဆိုနေတာတွေလည်းရှိနေတယ်လို့ ဝါရာဇွပ်ဒေသခံတွေဆီကနေ သိရပါတယ်။

ဝါရာဇွပ်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလထဲကနေ ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိစ္ဆာန်တွေဖြစ်တဲ့ ကျွှဲ၊ နွားတွေ အစုလိုက် အပြုံလိုက် သေဆုံးမှုတွေရှိခဲ့ပြီး ဇွန်လအထိ ကျွှဲ၊ နွား အကောင် ၂၀၀ ခန့် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေဟာ စစ်ရှောင်နေတဲ့ ကာလအတွင်း အိမ်မွေးတိရိစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်မှုတွေ မလုပ်ပေးနိုင်တဲ့အပြင် တစ်ဖက်မှာ ကျေးရွာအနီး ရွှေတူးဖော်လာတဲ့အထိ လုပ်ဆောင်နေတာကြောင့် အမြန်ဆုံး ရုတ်သိမ်းပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဒေသခံပြည်သူတွေကို ကျေးရွာထဲကို ပြန်လာကြဖို့၊ ကျေးရွာထဲမှာ KIA ဘက်က တပ်စွဲနေထိုင်တာတွေ မလုပ်ဖို့နဲ့ ဝါးတားဂိတ်တွေ မထားဖို့ သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...