ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီးလိုအပ်နေ

ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီးလိုအပ်နေ

ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ ငှက်ဖျားဖြစ်ပွားမှု မြင့်တက်နေပြီး သေဆုံးသူများလည်း ရှိလာသဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီလိုအပ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် အမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ခန့်ရှိပြီး ယခုနှစ်ဇွန်လအတွင်း ငှက်ဖျားရောဂါကြောင့် ကလေးများအပါဝင် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိလာသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ငှက်ဖျားဖြစ်တာက တော်တော်များလာတယ်။ သေတဲ့သူတွေလည်း တဖြည်းဖြည်းတိုးလာတယ်။ ဆေးဝါးအခက်အခဲတွေ တခြားအခက်အခဲတွေကြောင့် မိုးများတဲ့ကာလရောက်ရင် ပိုဆိုးလာမယ့် အခြေအနေမှာရှိတယ်” ဟု ၎င်းဒေသခံက DMG ကိုပြောသည်။

ရခိုင်ရိုးမတောင်ခြေနှင့် နီးကပ်စွာတည်ရှိနေသည့် အမ်းမြို့နယ်တွင် စစ်ဘေးရှောင်များမှာ အမိုးအကာမလုံခြုံခြင်း၊ ခြင်ထောင်မရှိခြင်း၊ မိုးဦးကာလတွင် ခြင်ပေါက်ဖွားနှုန်းမြင့်တက်ခြင်းတို့ကြောင့် ငှက်ဖျားဖြစ်ပွားမှုမှာလည်း မြင့်တက်လာနေသည်။

ယင်းသို့ ငှက်ဖျားဖြစ်ပွားမှုမြင့်တက်နေသော်လည်း အမ်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ ကျန်းမာရေးလက်လှမ်းမှီရန် အခက်အခဲရှိကြောင်း သိရသည်။

“နေထိုင်မကောင်းဖြစ်ရင်လည်း ဆေးရုံဆေးခန်းက အလှမ်းဝေးနေတဲ့အပြင် ဖျားတာနာတာအတွက်ကိုတောင် ဆေးဝယ်ဖို့ မတတ်နိုင်တဲ့သူတွေရှိတယ်။ တောထဲမှာခိုလှုံနေတဲ့ သူတွေဆိုရင်လည်း သွားရလာရ အဆင်မပြေဘူး။ ငှက်ဖျားဖြစ်နေကြတဲ့ စစ်ရှောင်တွေအတွက်လည်း ဆေးကုသမှုခံယူဖို့ လက်လှမ်းမမှီတဲ့ အခြေအနေမှာရှိတယ်” ဟု နောက်ထပ်အမ်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

အာရက္ခတပ်တော်က အမ်းမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သော်လည်း လုံခြုံရေးအခြေအနေများကြောင့် အမ်းမြို့အတွင်း ဝင်ရောက်နေခွင့်ကို တားမြစ်ထားသည်။

တောတောင်ခြုံနွယ်များကြားတွင် နေထိုင်နေကြရသည့် အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲအပြင် ကျန်းမားရေးပြဿနာများကို ရင်ဆိုင်လာရသဖြင့် အာရက္ခပြည်သူ့အစိုးရအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အမြန်ဆုံးပေးနိုင်ရေး စစ်ဘေးရှောင်များက မျှော်လင့်နေကြသည်။

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...