ကလေး - ဂန့်ဂေါ ကြားဟာ စစ်ရေးနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ CNF ပြော

ကလေး - ဂန့်ဂေါ ကြားဟာ စစ်ရေးနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ CNF ပြော

ချင်းတောင်ခြေမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့အကြားဟာ စစ်ရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း အရေးကြီးတဲ့နေရာဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  CNF/CNA နဲ့ CDF – KKG တို့ရဲ့ ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ကလေးတောင်ပိုင်း ကလေး - ဂန့်ဂေါ လမ်းကြောင်းတလျှောက်ဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ မွေးထုတ်ပေးတဲ့ ပျူစောထီးကြီးစိုးတဲ့ ဒေသဖြစ်သလို လွတ်လပ်စွာ ကုန်စည်သယ်ယူခွင့်တို့အတွက် အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်တယ်လို့ CNF/CNA ရဲ့ ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“အင်မတန်မှ အရေးကြီးတဲ့ ဗျူဟာလမ်းကြောင်းပေါ်မှာရှိတဲ့  မကွေးတိုင်း၊ ဂန့်ဂေါနဲ့  စစ်ကိုင်းတိုင်း ကလေးမြို့အကြား  ကလေးတောင်ဖက်ပိုင်း ပထမစစ်ဆင်ရေးဖြစ်ပါတယ် ကုန်စည်ကူးသန်းသွားလာမှုအရသော်လည်းကောင်း အင်မတန်မှ အရေးကြီးတဲ့နေရာဖြစ်ပါတယ် တလျှောက်လုံး စစ်ကောင်စီနဲ့  စစ်ကောင်စီက မွေးထုတ်ပေးတဲ့ ပျူစောထီးတွေကြီးစိုး တဲ့နေရာဖြစ်တယ်  အားလုံးသိတဲ့အတိုင်း သက်သေအထောက်အထားတွေနဲ့ပြောရရင်တော့ မနှစ်က  ကျနော်တို့ရဲ့ တော်လှန်ရေးရဲဘော်တွေ  အရှင်လက်လက်နဲ့ မီးရှို့သတ်ဖြတ်ခဲ့တဲ့နေရာ ၊ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မီးရှို့ဖျက်ဆီးပြီးတော့ စစ်ဘေးရှောင်ဘဝနဲ့ နေ့စဉ်ကျီးလန့်ဆန်စားဘဝနဲ့ နေနေရတဲ့ အဲဒီဒေသက ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး နဲ့ အသက်မွေးဝမ်းကြောင်းကို လွတ်လပ်စွာလုပ်နိုင်ရေးအတွက်နဲ့ အဲဒီလမ်းကြောင်းပေါ်မှာရှိတဲ့ ကုန်စည်ကူးသန်းမှု ဘေးကင်းလုံခြုံရေး နောက်ပြီးတော့ အဲဒီဒေသက နိုင်ငံရေးအရ စစ်ကောင်စီက ဒီဇင်ဘာလမှာ အကောင်ထည်ဖော်မဲ့ ရွေးကောက်ပွဲအတွက် အဲဒီမှာလုပ်နိုင်ဖို့ အားကောင်းတဲ့ နေရာဖြစ်ပါတယ်  အဲဒါကြောင့် အဲဒီဒေသကို ကျနော်တို့က စစ်ဆင်ရေးကို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကလေး - ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့  CDF – KKG Major Operation အဖြစ် ၂၀၂၄ ခုနှစ်အတွင်း စုဖွဲ့လေ့ကျင့်မှုတွေကိုစတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ဖော်ဆောင်ခဲ့ပြီး၊ ကလေး - ဂန့်ဂေါကြားရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) ၊ ဗျူစောထီးစိုးမိုးတဲ့ ကြံသာရွာတွေကို ၂ လအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး CDF – KKG Major Operation တစ်ခုလုံးကို ချင်းအမျိုးသားတပ်မတော် (CNA) က စစ်ရေးကွပ်ကဲခဲ့တယ်လို့လည်း သိရပါတယ်။

ကလေး - ဂန့်ဂေါကြားရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂ လအတွင်း CDF-KKG နဲ့အတူ CNA ၊ CDF – Hakha ၊ CDF – Thantlang ၊ CDF CDM – Siyin ၊ ABSDF ၊ ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု၊ CDF – Senthang၊  နဂါးညီနောင် စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

February 10, 2026
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊...
February 9, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေ အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့...
February 7, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ...
February 6, 2026
ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က...